DVB Logo
Home
မြန်မာသတင်း
ဓာတ်ခွဲနမူနာ ၃၀၀၇ ခု စစ်ဆေးချက်အရ လူနာသစ် ၁၄၅ ဦး တွေ့ရှိ
DVB
·
September 7, 2020
ဓာတ်ခွဲနမူနာ ၃၀၀၇ ခု စစ်ဆေးချက်အရ လူနာသစ် ၁၄၅ ဦး တွေ့ရှိ
Donate to DVB

ဓာတ်ခွဲနမူနာ ၃၀၀၇ ခုအား နှစ်သုတ်ခွဲ စစ်ဆေးချက်အရ ရန်ကုန်တိုင်းက ၉၂ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၁၄၅ ဦး ထပ်မံတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီ ထုတ်ပြန်ပါတယ်။

မနေ့ညက ပထမသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၂,၀၂၀ ခုမှာ လူနာသစ် ၁၀၀ နဲ့ ဒီနေ့မနက် ဓာတ်ခွဲနမူနာ ၉၈၇ ခုမှာ လူနာသစ် ၄၅ ဦး တွေ့ရှိခဲ့တာပါ။

အတည်ပြုလူနာသစ်တွေကတော့ ရန်ကုန်တိုင်း မြို့နယ် ၂၈ ခုက ၉၂ ဦး၊ ရခိုင်ပြည်နယ် မြို့နယ် ၆ ခုက ၃၈ ဦး၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်က ၂ ဦးနဲ့ ဥတ္တရသီရိက ၁ ဦး၊ ဧရာဝတီတိုင်း ကျုံပျော်နဲ့ ဟင်္သာတမြို့နယ်တို့က ၁ ဦးစီ၊ ပဲခူးတိုင်း ကဝမြို့နယ်က ၈ ဦး၊ မန္တလေးတိုင်း မြင်းခြံနဲ့ သာစည်မြို့နယ်တို့က ၁ ဦးစီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁,၄၆၄ ဦး၊ သေဆုံးသူ ၈ ဦး၊ ၂ ကြိမ်ဆက်တိုက်  ပိုးမတွေ့ရှိသူ ၃၈၅ ဦးထဲက ဆေးရုံက ဆင်းခွင့်ပြုခဲ့ပြီးသူ ၃၆၆ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၁၄၂ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၇ ဒသမ ၂ သန်းကျော်၊ သေဆုံးသူ ၈၈၀၀၀၀ ကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၁၉ ဒသမ ၃ သန်းကျော် ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013