DVB Logo
Home
မြန်မာသတင်း
ရောဂါအခံရှိသူ ကိုဗစ်လူနာအမှတ် ၁၂၃၆ သေဆုံး၊ သေဆုံးသူ ၈ ဦးရှိလာ
DVB
·
September 6, 2020
ရောဂါအခံရှိသူ ကိုဗစ်လူနာအမှတ် ၁၂၃၆ သေဆုံး၊ သေဆုံးသူ ၈ ဦးရှိလာ
Donate to DVB

ရောဂါအခံရှိသူ ကိုဗစ်လူနာသစ်တယောက်ထပ်ပြီး သေဆုံးခဲ့တာကြောင့် အတည်ပြုလူနာတွေထဲက သေဆုံးသူ ၈ ယောက်ရှိလာပါတယ်။

သင်္ဃန်းကျွန်းစံပြဆေးရုံကြီးမှာ တက်ရောက်ကုသခံနေတဲ့ အသက် ၄၆ နှစ်အရွယ် ဓာတ်ခွဲအတည်ပြုလူနာအမှတ် ၁၂၃၆ ဟာ စက်တင်ဘာ ၅ ရက် ညနေ ၃ နာရီလောက်မှာ သေဆုံးခဲ့တာပါ။

သူဟာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ပျက်စီးတာ၊ နာတာရှည်ကျောက်ကပ်ပျက်စီးတာနဲ့ ဆီးချိုရောဂါ အခံရှိတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၅ ရက် ညပိုင်းထုတ်ပြန်ချက်မှာမှ အတည်ပြုလူနာဖြစ်ခဲ့ပြီး သူ့ရဲ့ အချက်အလက်တွေကိုတော့ မထုတ်ပြန်သေးပါဘူး။

စက်တင်ဘာ ၃ ရက် ညပိုင်းကလည်း ဝေဘာဂီအထူးကုဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံနေတဲ့ အသက် ၄၆ နှစ် အရွယ် ဓာတ်ခွဲအတည်ပြုလူနာအမှတ် ၁၂၀၃ အမျိုးသမီး သေဆုံးခဲ့ပါတယ်။

သူ့မှာ အရေပြားလေးဖက်နာရောဂါအခံရှိပြီး နောက်ဆုံးအဆင့် ကျောက်ကပ်ပျက်စီးတာနဲ့ ရုတ်တရက် နှလုံးစည်းချက်မမှန်ဖြစ်ပြီး နှလုံးအမောဖောက်တာကြောင့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁,၃၁၉ ဦး၊ သေဆုံးသူ ၈ ဦး၊ နှစ် ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ ၃၇၁ ဦးအနက် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးသူ ၃၆၆ ဦးနဲ့ စောင့်ကြည့်လူနာအသစ် (၁၁၉) ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013