DVB Logo
Home
မြန်မာသတင်း
ကိုဗစ်လူနာအမှတ် ၁၁၅၅ နှင့် တွေ့ဆုံခဲ့သူနှစ်ဦးကို ရွှေဘိုတက္ကသိုလ်၌ Quarantine ထားရှိ
DVB
·
September 6, 2020
ကိုဗစ်လူနာအမှတ် ၁၁၅၅ နှင့် တွေ့ဆုံခဲ့သူနှစ်ဦးကို ရွှေဘိုတက္ကသိုလ်၌ Quarantine ထားရှိ
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့က ကိုဗစ်အတည်ပြုလူနာ ၁၁၅၅ နဲ့ တွေ့ဆုံခဲ့သူနှစ်ဦးကို စက်တင်ဘာ ၅ ရက်နေ့က ရွှေဘိုတက္ကသိုလ် Quarantine Center မှာ ထားပြီး တည်းခိုခန်းတခုနဲ့ လက်ဖက်ရည်ဆိုင်တဆိုင်ကို ယာယီပိတ်သိမ်းထားတယ်လို့ သိရပါတယ်။

ရွှေတောင်ကြီးတည်းခိုခန်း နဲ့ Santino လက်ဖက်ရည်ဆိုင်ကို ခေတ္တယာယီပိတ်သိမ်းကာ ဝန်ထမ်းတွေကိုလည်း Home Quarantine ပြုလုပ်ထားပါတယ်။

လူနာအမှတ် ၁၁၅၅ ဟာ နေပြည်တော်ကအစိုးရဝန်ထမ်းတဦးဖြစ်ပြီး ဩဂုတ် ၂၇ နေ့က ရုံးလုပ်ငန်းကိစ္စနဲ့ မြစ်ကြီးနားကိုသွားရာမှာ ရွှေဘိုမြို့ santino လက်ဖက်ရည်ဆိုင် ခဏဝင်နားကာ ပြည်တော်သာတိုက်ခန်းမှာနေတဲ့ အသိမိတ်ဆွေ လင်မယားနဲ့ နာရီဝက်လောက် စကားပြောခဲ့ကြပြီး မြစ်ကြီးနားကို ဆက်သွားတယ်လို့ သိရပါတယ်။

ဩဂုတ် ၃၀ ရက်နေ့ ည ၁၂ လောက်မှာ လူနာအမှတ် ၁၁၅၅ ဟာ ရွှေဘိုကိုပြန်လည်ရောက်လာကာ ရွှေတောင်ကြီးတည်းခိုခန်းမှာ ညအိပ်တည်းခိုခဲ့ပြီး ဩဂုတ်လ ၃၁ ရက်နေ့မှာ နေပြည်တော်ပြန်သွားတယ်လို့သိရပါတယ်။။

နေပြည်တော်မှာ Facility Quarantine  ထားပြီး Swab ယူရာမှ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၁၅၅ အဖြစ် စက်တင်ဘာ ၅ ရက်နေ့က သိရှိရတဲ့အတွက် တွေ့ဆုံခဲ့သူနှစ်ဦးကို Facility Quarantine ထားပြီး တည်းခိုခန်းနဲ့ လက်ဖက်ရည်ဆိုင်ကို ခေတ္တယာယီပိတ်ခိုင်းထားတာပါ။

တည်းခိုခန်းနဲ့ လက်ဖက်ရည်ဆိုင်ဝန်ထမ်းများအားလုံးကိုတော့ Home Quarantine အဖြစ် ထားရှိတယ်လို့ ဒု-ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းလဲ့လဲ့ထွေးက သူ့ရဲ့ Facebook စာမျက်နှာမှာ အသိပေးထားပါတယ်။

လူနာအမှတ် ၁၁၅၅ ဟာ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်မှာနေသူဖြစ်ပြီး ပြည်ပခရီးသွားရာဇဝင်လည်း မရှိ၊ အတည်ပြုလူနာတွေနဲ့လည်း ထိတွေ့မှုမရှိဘူးလို့ သိရပြီး နေပြည်တော် ခုတင် ၁၀၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေပါတယ်။

အောင်စံလင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013