DVB Logo
Home
မြန်မာသတင်း
တာမွေကျန်းမာရေးဝန်ထမ်း ၁ ဦးပိုးတွေ့၊ ကျန်းမာရေးမှူးအပါအဝင် ၉ ဦး Quarantine ဝင်
DVB
·
September 12, 2020
တာမွေကျန်းမာရေးဝန်ထမ်း ၁ ဦးပိုးတွေ့၊ ကျန်းမာရေးမှူးအပါအဝင် ၉ ဦး Quarantine ဝင်
Donate to DVB

တာမွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဝန်ထမ်း ၁ ယောက်မှာ ပိုးတွေ့ခဲ့ပြီးနောက် မြို့နယ်ကျန်းမာရေးမှူးအပါအဝင် ၉ ယောက် Quarantine ဝင်နေတယ်လို့ ကာယကံရှင်ကျန်းမာရေးမှူး ဒေါက်တာနှင်းလဲ့ရည်က ဒီဗွီဘီကို ပြောပါတယ်။

“ကျမတို့ရုံးမှာလည်း ကျန်ခဲ့တယ်ပေါ့နော်။ အိမ်ပြန်လို့ Home Quarantine နေဖို့ အဆင်မပြေတဲ့သူတွေ ကျန်ခဲ့တာ ဆရာမလေး ၂ ယောက်တော့ ရှိတယ်လေ။ အရမ်းအရေးကြီးတဲ့ဟာတွေတော့ လုပ်ပေးနေပါတယ်။ ဒါပေမဲ့ လူနာတွေ ဘာတွေတော့ မကြည့်ဘူးပေါ့နော်။ ရုံးမှာ ရုံးစောင့်ရော အပါအဝင်ဆိုရင် ၃ ယောက်ကျန်ခဲ့ပါတယ်။ အစားအသောက်တွေ စီစဉ်ပေးရင်တော့ ကောင်းတာပေါ့နော်။ သူတို့အထဲကနေ အပြင်ထွက်လို့မရဘူး။”

Quarantine ဝင်ရတဲ့ တာမွေမြို့နယ်ကျန်းမာရေးမှူးအပါအဝင် ၉ ယောက်ကို လှိုင် Quarantine စင်တာကို မနေ့က ပို့ဆောင်ထားတယ်လို့ တာမွေမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်က ပြောပါတယ်။

တကယ်လို့ သူတို့အကုန်လုံးပါသွားရင် ခရိုင်ကျန်းမာရေးကလာပြီး ဒေသန္တရကျန်းမာရေးလုပ်ငန်းမှာ အရေးကြီးတဲ့ သင်္ချိုင်းလက်မှတ်ကိစ္စကို ဆောင်ရွက်ပေးမယ်လို့ တာမွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်အေးက ဒီဗွီဘီကိုပြောပါတယ်။

“ဒါကြီးက ရပ်ထားလို့မရဘူး။ သင်္ချိုင်းလက်မှတ်မပါရင် သင်္ဂြိုဟ်လို့မှမရတာ” လို့ သူက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013