DVB Logo
Home
မြန်မာသတင်း
ရန်ကုန်က ၄၃ ဦးနှင့်မြင်းခြံက ၁၇ ဦးအပါအဝင် လူနာသစ် ၆၆ ဦး ထပ်မံတွေ့ရှိ၊  စုစုပေါင်း ၁,၃၁၉ ဦးရှိလာ
DVB
·
September 6, 2020
ရန်ကုန်က ၄၃ ဦးနှင့်မြင်းခြံက ၁၇ ဦးအပါအဝင် လူနာသစ် ၆၆ ဦး ထပ်မံတွေ့ရှိ၊  စုစုပေါင်း ၁,၃၁၉ ဦးရှိလာ
Donate to DVB

ရန်ကုန်တိုင်းက ၄၃ ဦး၊ မြင်းခြံက ၁၇ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၆၆ ဦး တွေ့ရှိခဲ့ပြီး လူနာအမှတ် ၁၂၃၆ မနေ့ညနေက သေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီခွဲက ထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၈၉၇ ခု၊ ဆေးသုတေသနဦးစီးဌာနက ၂၀၅ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ၃၅၇ ခု၊ ပြည်သူ့ဆေးရုံကြီး မြ၀တီမြို့က ၁၄ ခု၊ ပြည်သူ့ဆေးရုံကြီး တောင်ငူမြို့က ၁ ခု စုစုပေါင်း ၁,၄၇၄ ခုအား ဒုတိယသုတ်အဖြစ် စစ်ဆေးပြီးစီးခဲ့ပြီး ကိုဗစ်-၁၉ လူနာသစ် ၆၆ ဦး တွေ့ရှိခဲ့တာပါ။

သင်္ဃန်းကျွန်းစံပြဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ အသက် ၄၆ နှစ်အရွယ် ဓာတ်ခွဲအတည်ပြုလူနာ အမှတ် ၁၂၃၆ ဟာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးတာ၊ နာတာရှည်ကျောက်ကပ်ပျက်စီးတာနဲ့ ဆီးချိုရောဂါ အခံ ရှိပြီး မနေ့ ညနေ ၂:၅၅ နာရီအချိန်က သေဆုံးခဲ့ပါတယ်၊

ရန်ကုန်တိုင်းက ၄၃ ဦးကတော့ သင်္ဃန်းကျွန်း ၁၁ ဦး၊ ကျောက်တံတား ၅ ဦး၊ ကြည့်မြင်တိုင် နဲ့ အင်းစိန်က ၃ ဦးစီ၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ မင်္ဂလာဒုံ၊ ဗဟန်းနဲ့ ကမာရွတ်တို့က ၂ ဦးစီ၊ ပုဇွန်တောင်နဲ့ မရမ်းကုန်းက ၄ ဦးစီ၊ ဒဂုံဆိပ်ကမ်း၊ သာကေတ၊ လှိုင်သာယာ၊ လှိုင်နဲ့ ဒေါပုံက ၁ ဦးစီတို့ ဖြစ်ပါတယ်။ 

မန္တလေးတိုင်း မြင်းခြံမြို့နယ်က ၁၇ ဦး၊ ရခိုင်ပြည်နယ်က သံတွဲ ၁ ဦး၊ တောင်ကုတ်က ၂ ဦး၊ ကရင်ပြည်နယ်က ကော့ကရိတ် ၁ ဦး၊ ဧရာဝတီတိုင်း ငပုတောနဲ့ ဖျာပုံက ၁ ဦးစီတို့ ဖြစ်ပါတယ်။

မနေ့ညက ဓာတ်ခွဲနမူနာ ၁,၆၉၁ခု အား စစ်ဆေးရာမှာလည်း ရန်ကုန်တိုင်းက ၂၇ ဦး အပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၃၇ ဦး တွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁,၃၁၉ ဦး၊ သေဆုံးသူ ၈ ဦး၊ နှစ် ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ ၃၇၁ ဦးအနက် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးသူ ၃၆၆ ဦးနဲ့ စောင့်ကြည့်လူနာအသစ် (၁၁၉) ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာသစ်တွေရဲ့ သတင်းအချက်အလက်တွေကို ပြုစုနေပြီး ထပ်မံထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၇ သန်းကျော်၊ သေဆုံးသူ ၈၈၀၀၀၀ ကျော်နဲ့ ရောဂါသက်သာပျောက်ကင်းလာသူ ၁၉ သန်းကျော် ရှိပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013