DVB Logo
Home
မြန်မာသတင်း
Stay at Home ကာလပုံမှန်ဝင်ငွေမရှိသည့် ရခိုင်ပြည်သူများကို ကျပ်သိန်း ၁၈,၁၈၀ ထောက်ပံ့မည်
DVB
·
September 5, 2020
Stay at Home ကာလပုံမှန်ဝင်ငွေမရှိသည့် ရခိုင်ပြည်သူများကို ကျပ်သိန်း ၁၈,၁၈၀ ထောက်ပံ့မည်
Donate to DVB

ရခိုင်ပြည်နယ်ထဲက ပုံမှန်ဝင်ငွေမရှိတဲ့မိသားစုတွေအတွက် ကျပ်သိန်းပေါင်း ၁၈၀၀၀ ကျော်ဖိုး ဆန်ရိက္ခာတွေ ထောက်ပံ့နေပြီဖြစ်ပါတယ်။

Stay at Home ကာလ ပုံမှန်ဝင်ငွေမရှိတဲ့ ပြည်သူတွေအတွက် ငွေကျပ်သိန်းပေါင်း ၁၈,၁၈၀ ထောက်ပံ့သွားမယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်သိန်းလှက “စစ်တွေမှာတော့ အခု ဆန်တွေ ပေးနေပါပြီ။ ပြည်ထောင်စု(အဆင့်အစိုးရ)က ထောက်ပံ့ထားတာ ဆန်အိတ် ၅,၀၀၀ ရှိတယ်။ စစ်တွေမှာက အိတ် ၇,၀၀၀ လောက်လိုမယ်ဆိုတော့ ပြည်နယ်ကနေ ထပ်စိုက်ထားပါတယ်။ တခြားမြို့နယ်တွေကိုတော့ ငွေသားပဲထောက်ပံ့မှာပါ” လို့ ပြောပါတယ်။

အစိုးရရဲ့ အရေးပေါ်ရန်ပုံငွေ ကျပ်သိန်း ၁ သောင်း၊ အလှူငွေတွေနဲ့ပေါင်းပြီး အခုလိုထောက်ပံ့တာဖြစ်ပါတယ်။

“ပြေလည်အောင်တော့ မဟုတ်ဘူးပေါ့။ အခုကာလမှာ အထောက်အပံ့ဖြစ်အောင်ပါ။ တအိမ်ထောင်ကို ဆန် ၆ ပြည်နှုန်းထောက်ပံ့မှာဖြစ်ပြီး ငွေသားထောက်ပံ့မယ့်မြို့နယ်တွေမှာ ကျပ် ၆,၀၀၀ ဝန်းကျင်လောက်ရမှာဖြစ်ပါတယ်” လို့ ဦးကျော်သိန်းလှက ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ အခြေခံအိမ်ထောင်စုပေါင်း ၃၀၃,၀၆၃ စုအတွက် ထောက်ပံ့ပေးမယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းကလည်း စစ်တွေမြို့နယ်ထဲမှာရှိတဲ့ ပုံမှန်ဝင်ငွေ မရှိတဲ့ အခြေခံပြည်သူ အိမ်ထောင်စု ၂၉,၉၀၇ စုအတွက် အိမ်ထောင်စုတစုကို ငွေကျပ် ၂၀,၀၀ဝ နှုန်းနဲ့ စုစုပေါင်း ငွေကျပ် သိန်း ၆,၀၀၀ လောက်ကို ထောက်ပံ့ခဲ့ပါသေးတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ တိုက်ပွဲရှောင်နဲ့ IDP စခန်းတွေက အိမ်ထောင်စုတွေအတွက် အိမ်ထောင်စုတစုကို ကျပ် ၄၀,၀၀၀ နှုန်းနဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်နီ စားနပ်ရိက္ခာ ၅ မျိုးအတွက် ကျပ်သိန်းပေါင်း ၁၆,၀၀၀ ကျော်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013