DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းက ၃၈ ဦး အပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၄၅ ဦး ထပ်မံတွေ့ရှိ
DVB
·
September 5, 2020
ရန်ကုန်တိုင်းက ၃၈ ဦး အပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၄၅ ဦး ထပ်မံတွေ့ရှိ
Donate to DVB

ရန်ကုန်တိုင်း ၁၁ မြို့နယ်က ၃၈ ဦး အပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၄၅ ဦး ထပ်မံတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီ ထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) က ဓာတ်ခွဲနမူနာ ၇၇၅ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ၁၆၃ ခု၊ ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့က ၁၁၆ ခု၊ ပြည်သူ့ဆေးရုံကြီး တောင်ငူမြို့က ၂ ခု၊-အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) က ၁၅၂ ခု၊ အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) နေပြည်တော်က ၃၂၅ ခုတို့အား ဒုတိယသုတ်အဖြစ် ထပ်မံ စစ်ဆေးပြီးစီးခဲ့ပြီး လူနာသစ် ၄၅ ဦး တွေ့ရှိခဲ့တာပါ။

ရန်ကုန်တိုင်းမှာတော့ တောင်ဥက္ကလာမြို့နယ်က ၁၂ ဦး၊ လှိုင်သာယာက ၆ ဦး၊ ဒဂုံမြို့နယ်က ၅ ဦး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) က ၃ ဦး။ တာမွေ၊ စမ်းချောင်း၊ သင်္ဃန်းကျွန်း၊ လှိုင်နဲ့ မြောက်ဥက္ကလာမြို့နယ်တို့က ၂ ဦးစီ။ သန်လျင်နဲ့ မရမ်းကုန်းမြို့နယ်တို့က ၁ ဦးစီ စုစုပေါင်း ၃၈ ဦး ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာတော့ စစ်တွေမြို့က ၂ ဦး။ ပုဏ္ဏားကျွန်း၊ မြောက်ဦးနဲ့ ရသေ့တောင်မြို့နယ်တို့က ၁ ဦးစီနဲ့ ရှမ်းပြည်နယ် ကလောနဲ့ ပဲခူးတိုင်း ကဝမြို့နယ်တို့က ၁ ဦးစီ ဖြစ်ပါတယ်။

ကလောမြို့နယ်က ပိုးတွေ့လူနာကတော့ ရခိုင်ပြည်နယ် ခရီးသွားရာဇဝင် ရှိတာကြောင့် အသွားအလာကန့်သတ်ထားသူဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မနေ့ညက ဓာတ်ခွဲနမူနာ ၁,၆၄၂ ခုအား စစ်ဆေးရာမှာလည်း  ရန်ကုန်တိုင်းက ၁၄ ဦး၊ ရခိုင်ပြည်နယ်က ၇ ဦး၊ နေပြည်တော်က ၇ ဦး၊   မန္တလေးတိုင်း မြင်းခြံက ၈ ဦး၊ ဧရာဝတီတိုင်း ပုသိမ်က ၁ ဦး၊ မွန်ပြည်နယ် ကျိုက်ထိုက ၁ ဦး၊ စုစုပေါင်း ၃၈ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် မနေ့ညနဲ့ ဒီနေ့မနက် ဓာတ်ခွဲနမူနာ စုစုပေါင်း ၃,၁၇၅ ခုအား စစ်ဆေးခဲ့ပြီး စုစုပေါင်း လူနာသစ် ၈၃ ဦး တွေ့ရှိခဲ့တာပါ။

မြန်မာနိုင်ငံမှာ စက်တင်ဘာ ၅ ရက်မနက် ၈ နာရီအထိ ကိုဗစ်-၁၉  ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၁,၂၁၆ ဦး၊ သေဆုံးသူ ၇ ဦး၊ နှစ် ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ ၃၅၉ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၃၅၆ ဦးနဲ့ စောင့်ကြည့်လူနာအသစ်  ၉၈  ဦးရှိပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၆ ဒသမ ၇ သန်းကျော်၊ သေဆုံးသူ ၈၇၀၀၀၀ သိန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းလာသူ ၁၈ ဒသမ ၈ သန်းကျော် ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013