DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၂၂ ဦး ထပ်မံတွေ့ရှိ၊ လူနာအမှတ် ၁၀၂၃ သေဆုံး
DVB
·
September 4, 2020
ကိုဗစ်-၁၉ လူနာသစ် ၂၂ ဦး ထပ်မံတွေ့ရှိ၊ လူနာအမှတ် ၁၀၂၃ သေဆုံး
Donate to DVB

ဓာတ်ခွဲနမူနာ ၁၄၆၇ ခုအား စစ်ဆေးချက်အရ ရန်ကုန်တိုင်းက အယောက် ၂၀ အပါအဝင် ကိုဗစ်-၁၉ လူနာနာသစ် ၂၂ ဦး ထပ်မံတွေ့ရှိပြီး သေဆုံးသူ ၁ ဦး တိုးလာတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။

ဒုတိယအသုတ်အဖြစ် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၁,၃၂၇ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) က ၁၄၀ ခုတို့အား ထပ်မံ စစ်ဆေးပြီးစီးခဲ့ပြီး ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂၂ ဦးတွေ့ရှိခဲ့တာပါ။

ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်က ၄ ဦး၊ သင်္ဃန်းကျွန်း ၃ ဦး၊ တာမွေ ၂ ဦး၊ မရမ်းကုန်း ၂ ဦး၊ စမ်းချောင်း ၂ ဦး၊ သာကေတ ၁ ဦး၊ လှိုင်မြို့နယ် ၁ ဦး၊ ဗိုလ်တစ်ထောင် ၁ ဦး၊ ကျောက်တံတား ၁ ဦး၊ လမ်းမတော် ၁ ဦး၊ ရန်ကင်း ၁ ဦး၊ ဒဂုံဆိပ်ကမ်း ၁ ဦးနဲ့ မကွေးတိုင်း အောင်လံက ၁ ဦး၊ ရခိုင်ပြည်နယ် အမ်းမြို့နယ်က ၁ ဦး စုစုပေါင်း ၂၂ ဦး တွေ့ရှိခဲ့တာပါ။

လူနာသစ် ၂၂ ဦးထဲက တာမွေမြို့နယ်က ၁ ဦးကတော့ ပြည်ပနိုင်ငံက ပြန်လာပြီး အသွားအလာ ကန့်သတ်ထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဝေဘာဂီအထူးကုဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ သန်လျင်မြို့နယ်နေ အသက် ၄၆ နှစ်အရွယ် အမျိုးသမီးကတော့ အရေပြားလေးဖက်နာရောဂါအခံရှိသူ ကိုဗစ်-၁၉ အတည်ပြုလူနာအမှတ် ၁၀၂၃ ကတော့  နောက်ဆုံးအဆင့် ကျောက်ကပ်ပျက်စီးတာနဲ့ ရုတ်တရက် နှလုံးစည်းချက်မမှန်ဖြစ်ပြီး နှလုံးအမောဖောက်တာကြောင့် မနေ့ည ၁၀ နာရီခွဲမှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

လူနာအမှတ် ၁၀၂၃ ဟာ ပြည်ပခရီးသွားရာဇဝင်မရှိသလို ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့လည်း ထိတွေ့မှုမရှိခဲ့ဘဲ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ် ထားရှိရာကနေ ပိုးတွေ့ရှိပြီးနောက် ဝေဘာဂီအထူးကုဆေးရုံကြီးကို ပို့ဆောင်ကုသထားသူ ဖြစ်ပါတယ်။

မနေ့ညက ဓာတ်ခွဲနမူနာ ၁,၁၂၇ ခု စစ်ဆေးရာမှာလည်း ရန်ကုန်က ၁၉ ဦးနဲ့ စစ်တွေက ၁၈ ဦးအပါအဝင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်  ၅၃ ဦး ထပ်မံ စစ်ဆေးတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁,၁၃၃ ဦး၊ သေဆုံးသူ ၇ ဦး၊ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း ၃၅၉ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၃၅၆  ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၈၂ ဦးရှိပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၆ ဒသမ ၄ သန်းကျော်၊ သေဆုံးသူ ၈၇၀၀၀၀ ကျော်နဲ့ ရောဂါသက်သာပျောက်ကင်းလာသူ ၁၈ ဒသမ ၆ သန်းကျော်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013