DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်း ၃၆ ဦး၊ ဒိုက်ဦးမြို့က ၂၄ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၆၃ ဦး တွေ့ရှိ
DVB
·
September 3, 2020
ရန်ကုန်တိုင်း ၃၆ ဦး၊ ဒိုက်ဦးမြို့က ၂၄ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၆၃ ဦး တွေ့ရှိ
Donate to DVB

ရန်ကုန်တိုင်းက ၃၆ ဦး၊ ဒိုက်ဦးမြို့က ၂၄ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၆၃ ဦး တွေ့ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီ ထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၅၁၀ ခု၊ ဆေးသုတေသနဦးစီးဌာနက ၃၇၁ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ၄၁ ခု၊ရန်ကုန်မြို့၊ အမှတ် ၁ တပ်မတော်ဆေးရုံကြီး ခုတင် ၁,၀၀၀ က ၂၁၅ ခုနဲ့ နေပြည်တော်၊ အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် ၁,၀၀၀ က ဓာတ်ခွဲနမူနာ ၇ ခု စုစုပေါင်း ၁,၁၄၄ ခုအား ဒုတိယသုတ်အဖြစ် စစ်ဆေးပြီးစီးခဲ့တာပါ။

တာမွေမြို့နယ်က ၉ ဦး၊ ပုဇွန်တောင် ၆ ဦး၊ စမ်းချောင်း ၃ ဦး၊ ဗိုလ်တစ်ထောင်၊ မင်္ဂလာဂုံ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သန်လျင်နဲ့ လှိုင်မြို့နယ်တို့က  ၂ ဦးစီ။ မရမ်းကုန်း၊ သင်္ဃန်းကွန်း၊ လှိုင်သာယာ၊ အင်းစိန်၊ အလုံနဲ့ မင်္ဂလာတောင်ညွန့် မြို့နယ်တို့က ၁ ဦးစီ။ နေပြည်တော် လယ်ဝေးမြို့က ၁ ဦး၊ ရခိုင်ပြည်နယ် စစ်တွေမြို့က ၁ ဦး၊ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်က ၂၄ ဦး၊ ရှမ်းပြည်နယ် ကလောက ၁ ဦး စုစုပေါင်း လူနာသစ် ၆၃ ဦး တွေ့ရှိခဲ့တာပါ။

လူနာသစ် ၆၃ ဦးထဲမှာ လူနာသစ် ၂၂ ဦးက ပြည်ပနိုင်ငံတွေက ပြန်လာသူတွေဖြစ်ပြီး ၃ ဦးကတော့ ရခိုင်ပြည်နယ်ကို ခရီးသွားခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မနေ့ညက ဓာတ်ခွဲနမူနာ ၁,၄၀၈ ခုအား ပထမသုတ်အဖြစ် စစ်ဆေးရာမှာလည်း လူနာသစ် ၅၇ ဦး စစ်ဆေးတွေ့ရှိရပြီး ရခိုင်ပြည်နယ် စစ်တွေမြို့နယ်က ၄၅ ဦး၊ ကျောက်တော်၊ ကျောက်ဖြူနဲ့ မြောက်ဦးမြို့နယ်က ၂ ဦးစီ၊ မွန်ပြည်နယ် မုဒုံ၊ မော်လမြိုင်နဲ့ ကျိုက်ထိုမြို့နယ်တို့က ၁ ဦးစီ၊ မန္တလေးတိုင်း ချမ်းအေးသာဇံက ၂ ဦးနဲ့ မြင်းခြံမြို့နယ်က ၁ ဦးတို့ဖြစ်ကြပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁,၀၅၈ ဦး၊ သေဆုံးသူ ၆ ဦး၊ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ  ၃၅၉ ဦး၊ ဒီအထဲက ဆေးရုံမှ ဆေးခွင့်ပြုခဲ့သူ  ၃၄၈ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၈၁ ဦးရှိပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၆ သန်းကျော်၊ သေဆုံးသူ ၈၆၀၀၀၀ ကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၁၈ ဒသမ ၄ သန်းကျော်ရှိပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013