DVB Logo
Home
မြန်မာသတင်း
သာယာဝတီခရိုင်၌ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၄၀ ကျော် ရွေးကောက်ပွဲဝင်ပြိုင်မည် 
DVB
·
September 2, 2020
သာယာဝတီခရိုင်၌ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၄၀ ကျော် ရွေးကောက်ပွဲဝင်ပြိုင်မည် 
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ရှိ  မြို့နယ် ၈ ခုအတွင်း လာမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအရေအတွက် ၁၄၃ ဦး  ဝင်ရောက်အရွေးခံမယ်လို့  ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက သိရပါတယ်။

သာယာဝတီခရိုင်အတွင်း ၈ မြို့နယ်မှာ အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ် ၃ နေရာအတွက် နိုင်ငံရေးပါတီ ၅ ခုမှ ကိုယ်စားလှယ်လောင်း ၁၃ ဦး၊ ပြည်သူ့လွှတ်တော်အတွက် နိုင်ငံရေးပါတီ ၁၁ ခုက ကိုယ်စားလှယ်လောင်း ၄၂ ဦးနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁ ဦး ဝင်ပြိုင်မှာ ဖြစ်ပါတယ်။ 

ပဲခူးတိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်အမှတ် ၁ နေရာအတွက်တော့  နိုင်ငံရေးပါတီ ၁၀ ပါတီမှ ကိုယ်စားလှယ်လောင်း ၄၂ ဦးနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁ ဦး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် ၂ နေရာအတွက် နိုင်ငံရေးပါတီ ၉ ခုမှ ကိုယ်စားလှယ်လောင်း ၄၂ ဦးနဲ့ တစ်သီးပုဂ္ဂလ ၁ ဦး၊ ကရင်တိုင်းရင်းသားရေးရာမဲဆန္ဒနယ် အတွက် သာယာဝတီမြို့နယ်မှ ကိုယ်စားလှယ်လောင်း ၁ ဦး ဝင်ရောက် အရွေးချယ်ခံကြမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းကို သာယာဝတီခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှာ သြဂုတ် ၃၀ ရက်က ထုတ်ပြန်ထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ စည်းကမ်းချက်တွေ ဥပဒေတွေနဲ့ ညီညွတ်တဲ့ ကိုယ်စားလှယ်လောင်းတွေကို သြဂုတ် ၃၀ ရက်က စတင်ပြီး နိုင်ငံတဝန်းမှာရှိတဲ့  သက်ဆိုင်ရာကော်မရှင်ရုံးခွဲတွေမှာ ကပ်ထား ကြေညာထားတာလည်း ဖြစ်ပါတယ်။

မဲဆန္ဒရှင် စာရင်းတွေကိုလည်း လာမယ့် စက်တင်ဘာ ၂၀ ရက်နေ့မှာ ဒုတိယအကြိမ် ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်လို့ သာယာဝတီ ခရိုင်ရွေးကောက်ပွဲကော်မရှင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးမော်က ပြောပါတယ်။

သတင်း - ဝဏ္ဏထွန်း၊ ဓာတ်ပုံ - သက်နိုင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013