DVB Logo
Home
နိုင်ငံတကာ
ဟောင်ကောင်တွင် တက္ကစီများ အီလက်ထရွန်းနစ် ငွေပေးချေမှုစနစ် စတင်ကျင့်သုံးမည်
DVB
·
September 1, 2020
photo:Reuters
photo:Reuters
Donate to DVB

ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသမှာရှိတဲ့ တက္ကစီယာဉ်မောင်းအားလုံးဟာ ဧပြီ ၁ ရက်ကစပြီး အီလက်ထရွန်းနစ် ငွေပေးချေမှုနည်းလမ်း အနည်းဆုံး ၂ ခုကို ပေးဆောင်ရမှာဖြစ်ပြီး ငွေသားငွေပေး ချေမှုတွေကို ဆက်လက်ခံရမယ်လို့ အစိုးရရဲ့ သယ်ယူပို့ဆောင်ရေးဌာနက တနင်္ဂနွေနေ့မှာ ကြေညာ ပါတယ်။

ကားပေါ် မတက်မီ ခရီးသည်တွေဟာ ပြတင်းပေါက်က စတစ်ကာတွေကို စစ်ဆေးနိုင်သလို ရနိုင်တဲ့ အီလက်ထရွန်းနစ်ငွေပေးချေမှု ရွေးချယ်စရာတွေအကြောင်း ယာဉ်မောင်းကိုလည်း မေးမြန်းနိုင် ပါတယ်။

ဌာနရဲ့ ကြေညာချက်တရပ်မှာ တက္ကစီယာဉ်မောင်းအားလုံးဟာ နောက်လကစပြီး အီလက်ထရွန်းနစ် ငွေပေးချေမှုနည်းလမ်း အနည်းဆုံး ၂ မျိုးကို ပံ့ပိုးပေးဖို့ လိုတယ်လို့ ပြောပါတယ်။

နည်းလမ်းတွေထဲမှာ AlipayHK၊ WeChat Pay HK ဒါမှမဟုတ် BoC Pay တို့လို QR ကုဒ် အီလက်ထရွန်းနစ်ငွေပေးချေမှု နည်းလမ်းတခုနဲ့ Octopus ကတ်တွေ၊ ခရက်ဒစ်ကတ်တွေနဲ့ Faster Payment System တို့လို QR ကုဒ်မဟုတ်တဲ့ အီလက်ထရွန်းနစ်ငွေပေးချေမှုနည်းလမ်း တခု ပါဝင်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013