DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်သည့်အဆို ထောက်ခံမဲအများစုဖြင့်အောင်မြင် 
DVB
·
September 1, 2020
ကယားပြည်နယ်ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်သည့်အဆို ထောက်ခံမဲအများစုဖြင့်အောင်မြင် 
Donate to DVB

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို အယုံအကြည်မရှိကြောင်း စွပ်စွဲပြစ်တင်ထားတဲ့အဆိုနဲ့ ပတ်သက်ပြီး ကယားပြည်နယ် လွှတ်တော်မှာ ဒီနေ့ မဲခွဲဆုံးဖြတ်ရာမှာ   ထောက်ခံသူများတဲ့အတွက် အဆိုအောင်မြင်သွားပါတယ်။

စက်ယန္တရားကြီးတွေကို ငှားရမ်းပြီးသုံးစွဲခဲ့မှုနဲ့ ကယားဒေးကွင်းမြေနေရာ ငှားရမ်းသုံးစွဲခဲ့မှုကိစ္စ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ကယားပြည်နယ်လွှတ်တော်က စွပ်စွဲပြစ်တင်ထားတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့က အစီရင်ခံစာကိုဒီကနေ့ ကျင်းပတဲ့ ကယားပြည်နယ်လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်  ဥက္ကဋ္ဌက ဖတ်ကြားခဲ့ပြီး  လျှို့ဝှက် မဲခွဲဆုံးဖြတ်ခဲ့ရာမှာ စွပ်စွဲပြစ်တင်ဖို့ ထောက်ခံမဲ ၁၆  မဲနဲ့  အနိုင်ရရှိသွားပါတယ်။

ဒီကနေ့ ပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ် ၂၀ ဦးစလုံး တက်ရောက်ခဲ့ပြီး လျှို့ဝှက်ဆန္ဒမဲ ပေးရာမှာ ထောက်ခံမဲ ၁၆ မဲ၊  ကန့်ကွက်မဲ ၄ မဲ နဲ့ လွှတ်တော်ရဲ့ စွပ်စွဲပြစ်တင်မှု အနိုင်ရခဲ့တာဖြစ်ပါတယ်။

ကယားပြည်နယ်စွပ်စွဲပြစ်တင်ခြင်းနဲ့ပတ်သက်ပြီး ကယားပြည်နယ်လွှတ်တော်က သဘောတူကြောင်း ကြေညာပါတယ်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၆၃  (က) အရ စွပ်စွဲပြစ်တင်ခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့အစိုးရလက်ထက် ဝယ်ယူထားတဲ့ စက်ယန္တရားကြီး ၁၈ စီးကို အခု ပြည်နယ်အစိုးရက အငှားချပြီး သုံးစွဲတယ်လို့ စွပ်စွဲထားသလို ကယားဒေးကျင်းပရေးမြေနေရာကို ပြည်နယ် လွှတ်တော်က အတည်ပြုထားပေမယ့် ဝန်ကြီးချုပ်က မြေအငှားစာချုပ်တွေနဲ့ချပြီး လုပ်ကိုင်ဆောင်ရွက်နေတဲ့အပေါ် စွပ်စွဲပြစ်တင်ကာ စုံစမ်းစစ်ဆေးတာဖြစ်ပါတယ်။ 

ကယားပြည်နယ်ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ခြင်းနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဩဂုတ်လ ၁၄ ရက်နေ့က ဖွဲ့စည်းထားပြီး အဖွဲ့ရဲ့ ဥက္ကဋ္ဌအဖြစ် ဦးသဲရယ်နဲ့ အတွင်းရေးမှူးအဖြစ် ဦးခင်မောင်ထွန်း(ခ) နော်အီးက နဲ့ အဖွဲ့ဝင် ၃ ဦး စုစုပေါင်း ၅ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့က ဝန်ကြီးချုပ်ကိုယ်တိုင်ချေပနိုင်ရေးအတွက် ၄ ကြိမ်တိုင်ဆင့်ခေါ်ခဲ့ပေမယ့် ဝန်ကြီးချုပ်ကိုယ်တိုင်လာရောက်ခြင်းမရှိသလို ကိုယ်စားသာ လာရောက်ပြီး စုံစမ်းစစ်ဆေးမှုကို ခံယူခဲ့ခြင်းမရှိပါဘူး။ 

စုံစမ်းစစ်ရေးအဖွဲ့အဖွဲ့ရဲ့ လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြတဲ့အစီခံစာမှာတော့ အများပြည်သူပိုင် ကယားဒေးမြေနေရာနဲ့ပတ်သက်ပြီးတော့လည်း လွှတ်တော်က အများပြည်သူပိုင်မြေနေ၏ရာအဖြစ် အတည်ပြုထားပေမယ့် ကုမ္ပဏီတွေကို ဟိုတယ်၊ စားသောက်ဆိုင်နဲ့ ရေလွှာလျှောစီးလုပ်ငန်းတွေကို လုပ်ကိုင်စေခဲ့ပြီး ကွင်းဆင်စစ်ဆေးစေခဲ့သလို ဒီကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်ကအစိုးရအဖွဲ့ရုံးထံ ကန့်ကွက်ခဲ့ပေမယ့် အကြောင်း ပြန်ခြင်းမရှိဘူးလို့ ဖော်ပြပါတယ်။ 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၆၃ အရ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်ကို စွပ်စဲပြင်တင်လိုပါက သက်ဆိုင်ရာလွှတ်တော်ရဲ့ ကိုယ်စားလှယ်စုစုပေါင်းရဲ့ အနည်းဆုံး လေးပုံ တစ်ပုံက လက်မှတ်ရေးထိုးပြီး လွှတ်တော် ဥက္ကဋ္ဌထံ တင်သွင်းရတာဖြစ်ပါတယ်။

လွှတ်တော်  ဥက္ကဋ္ဌက စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပြီး အချိန်ကာလသတ်မှတ်ကာ စုံစမ်းစစ်ဆေးမှုပြုလုပ်စေရမှာဖြစ်ပြီး စွပ်စွဲခံရတဲ့ ဝန်ကြီးချုပ် ဒါမှမဟုတ် ကိုယ်စားလှယ်ကို ချေပခွင့် ပေးရမှာဖြစ်ပါတယ်။

ဒီနောက် စုံစမ်းစစ်ဆေးရေးအဖွဲ့က တွေ့ရှိချက်တွေကို လွှတ်တော်ကို တင်သွင်းလာပါက လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်ကိုတင်ပြရမှာဖြစ်ပြီး သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်စုစုပေါင်းရဲ့ သုံးပုံ နှစ်ပုံက စွပ်စွဲပြစ်တင်မှုဟာ မှန်ကန်တဲ့အတွက် ဝန်ကြီးချုပ် ဆက်လက်လက်ထမ်းဆောင်ဖို့ မသင့်ဘူးလို့ ဆုံးဖြတ်ရင် ဒီဆုံးဖြတ်ချက်ကို သမ္မတထံ တင်ပြအစီရင်ခံရမှာပါ။

ဒီတင်ပြချက်ရတဲ့အခါ နိုင်ငံတော်သမ္မတ အနေနဲ့ စွပ်စွဲပြစ်တင်ခံရတဲ့ ဝန်ကြီးချုပ်ကို ရာထူးတာဝန်ကနေ ရပ်စဲရမယ်လို့ ၂၀၀၈ ဖွဲစည်းပုံမှာ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။ 

စွပ်စွဲပြစ်တင်မှုဟာ မမှန်ကန်ကြောင်း သက်ဆိုင်ရာလွှတ်တော်က ဆုံးဖြတ်ပါကလည်း လွှတ်တော်  ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတထံ တင်ပြအစီရင်ခံရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်ကလည်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အယုံအကြည်မရှိကြောင်း စွပ်စွဲပြစ်တင်ထားတဲ့ အဆိုနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ ကန့်ကွက်သူများတဲ့အတွက် အဆိုရှုံးနိမ့်သွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013