DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်းအမှု ဖွဲ့စည်းပုံခုံရုံး အပြီးသတ်ဆုံးဖြတ်
DVB
·
October 27, 2020
ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်းအမှု ဖွဲ့စည်းပုံခုံရုံး အပြီးသတ်ဆုံးဖြတ်
Donate to DVB

ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုက နိုင်ငံတော်သမ္မတမှတဆင့် တင်သွင်းထားတဲ့ တင်သွင်းလွှာအမှတ် ၁/၂၀၂၀ အမှုနဲ့ပတ်သက်ပြီး  အောက်တိုဘာ ၂၇ ရက် ဒီမနက် ၁၀ နာရီက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံးရုံးက e-Court စနစ်နဲ့ အပြီးသတ် ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတယ်။ 

ဝန်ကြီးချုပ်ဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒဆိုင်ရာခုံရုံးသို့ တင်သွင်းပိုင်ခွင့်ရှိကြောင်း ခုံရုံးက ဆုံးဖြတ်လိုက်သလို  စွပ်စွပ်ပြစ်တင်လိုပါက လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး  ၄ ပုံ ၁ ပုံက လက်မှတ်ရေးထိုးပြီး မိမိတို့ရဲ့ စွပ်စွဲချက်ကို သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌ ထံမှတဆင့် လွှတ်တော်သို့ အဆိုတရပ်အဖြစ် တင်သွင်းရမယ်လို့လည်း ဆုံးဖြတ်ချက်ချမှတ်လိုက်ပါတယ်။

“ဆုံးဖြတ်ချက်၊ ယင်းတင်သွင်းလွှာကို ခွင့်ပြုသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃ (ခ)နှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးသို့မဟုတ်၊ ပြည်နယ်ဝန်ကြီးချုပ်သို့ မဟုတ်ဝန်ကြီးတစ်ဦးဦးအပေါ် ဖော်ပြပါအကြောင်း စွပ်စွဲပြစ်တင်လိုပါက သက်ဆိုင်ရာ တိုင်းဒေသကြီးလွှတ်တော်သို့မဟုတ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံး ၄ ပုံ ၁ ပုံက လက်မှတ်ရေးထိုးပြီး မိမိတို့၏ စွပ်စွဲချက်ကို သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌထံမှတဆင့် လွှတ်တော်သို့ အဆိုတရပ်အဖြစ်တင်သွင်းရမည်ဟု၊ အနက်အဓိပ္ပါယ်ဖွင့်ဆို လိုက်သည်။  ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃ (ဂ) နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌသည် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို သင့်လျှော်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း၍ စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးရမယ်ဟု အနက်အဓိပ္ပါယ်ဖွင့်ဆိုလိုက်သည်။” လို့ ခုံရုံးက ဆုံးဖြတ်လိုက်ပါတယ်။ 

ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို ပြည်နယ်လွှတ်တော်က စွပ်စွဲ ပြစ်တင်ခဲ့မှုနဲ့ ပတ်သက်ပြီး  ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီမညီ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံးက အောက်တိုဘာ ၆ ရက်မှာ    အွန်လိုင်းကနေ ကြားနာ စစ်ဆေးခဲ့ပြီး ဒီကနေ့အမိန့်ချက်မှတ်လိုက်တာ ဖြစ်ပါတယ်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ပေါ် စွပ်စွဲပြစ်တင်ခြင်းနဲ့ပတ်သက်ပြီး  ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၃ ပုဒ်မခွဲ(ခ) နဲ့ (ဂ) တို့ကို အနက်အဓိပ္ပါယ်ဖွင့်ပေးဖို့ တင်သွင်းထားတဲ့ အပေါ်  ခုံရုံးက ကြားနာတာလည်း ဖြစ်ပါတယ်။

ဦးအယ်လ်ဖောင်းရှိုကို နိုင်ငံတော်သမ္မတက စက်တင်ဘာ ၃ ရက်နေ့ရက်စွဲပါ အမိန့်အမှတ် ၂၄/၂၀၂၀ နဲ့ ဝန်ကြီးချုပ်တာဝန်မှ ရပ်စဲပြီးဖြစ်တဲ့အတွက် သူဟာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသို့တင်သွင်းလွှာတင်သွင်းခွင့် ရှိသူဟုတ်မဟုတ် အငြင်းပွားခဲ့တာဖြစ်ပါတယ်။ 

ဒါ့အပြင် စွပ်စွဲသူတွေထဲက တစ်ဦး နုတ်ထွက်သွားတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ဦးရေအနည်းဆုံး ၄ ပုံ ၁ ပုံ ပြည့်ခြင်းမရှိတော့တဲ့ အခြေအနေမှာ စွပ်စွဲချက်ကို ပြည်နယ်လွှတ်တော်ကဆက်လက် စုံစမ်းစစ်ဆေးခဲ့တာနဲ့ပတ်သက်ပြီးလည်း ဥပဒေနဲ့ ညီညွတ်မှုရှိမရှိ အငြင်းပွားခဲ့ကြတာလည်း ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013