DVB Logo
Home
နိုင်ငံတကာ
Move Forward ပါတီဖျက်သိမ်းရန် ဖွဲ့စည်းပုံခုံရုံးတွင် အာဏာမရှိဟု ဖိထား သုံးသပ်
DVB
·
June 10, 2024
Move Forward ပါတီဖျက်သိမ်းရန် ဖွဲ့စည်းပုံခုံရုံးတွင် အာဏာမရှိဟု ဖိထား သုံးသပ်
Donate to DVB

Move Forward ပါတီကို ဖျက်သိမ်းဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှာ အခွင့်အာဏာမရှိဘူးလို့ ပါတီခေါင်းဆောင်ဟောင်းနဲ့ အကြံပေးအရာရှိချုပ် ဖိထား လိုမ့်ကျရွန်းရတ်က ဇွန် ၉ ရက်မှာ ပြောကြားလိုက်ပါတယ်။

ပါတီရဲ့ ဥပဒေရေးရာ ထောက်ကူပြုအဖွဲ့ဟာ အခြေခံဥပဒေကို လေ့လာခဲ့ပြီးဖြစ်ကြောင်း၊ အဲဒီမှာ ပါတီတခုကို ဖျက်သိမ်းဖို့၊ နိုင်ငံရေးအခွင့်အရေးတွေကို ရုပ်သိမ်းဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို အာဏာပေးထားတဲ့ ပုဒ်မမျိုး မတွေ့ရကြောင်း ဖိထားက ပြောပါတယ်။

အခု ပါတီကို ဖျက်သိမ်းဖို့လျှောက်ထားတဲ့ အမှုမှာလည်း သူ့ပါတီဟာ အမှုနဲ့ပတ်သက်ပြီး သင့်လျော်တဲ့ သတင်းအချက်အလက် မသိရှိရသလို ဒီစွပ်စွဲမှုတွေအပေါ် ချေပခွင့်လည်း မရကြောင်း ဖိထားက ဝေဖန်ခဲ့ပါတယ်။

ဘုရင်စော်ကားမှု ဥပဒေလို့ အလွယ်ပြောကြတဲ့ ထိုင်းရာဇသတ်ကြီးပုဒ်မ ၁၁၂ ကို ပြန်ပြင်ရေးဖို့ အားထုတ်မှုတွေ ရပ်ဆိုင်းဖို့ ခုံရုံးက ဇန်နဝါရီ ၃၁ ရက်မှာ ပါတီကို သတိပေးခဲ့ပါတယ်။

ဒါဟာ အခုလို ပါတီဖျက်ခိုင်းတဲ့အမှုနဲ့ မဆိုင်သင့်ဘူးလို့ ထောက်ပြပါတယ်။ ဘုရင်ကို စော်ကားနှောင့်ယှက်လို့ ပါတီဖျက်မယ်ဆိုရင် ဖြစ်သွားတဲ့ကိစ္စကို အခြေခံပြီး စွဲဆိုရမှာဖြစ်ပြီး ဖြစ်မလာသေးတဲ့ ကိစ္စတခုကို အခြေတည်ပြီး စွဲဆိုလို့မရဘူးလို့ ဖိထားက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013