DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်ဝန်ကြီးချုပ်ကို တာဝန်မှ ရပ်စဲသည့်ကိစ္စ အခြေခံဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ဟု သမ္မတရုံးရှင်းလင်း 
DVB
·
September 4, 2020
ကယားပြည်နယ်ဝန်ကြီးချုပ်ကို တာဝန်မှ ရပ်စဲသည့်ကိစ္စ အခြေခံဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ဟု သမ္မတရုံးရှင်းလင်း 
1 / 2
Donate to DVB

ကယားပြည်နယ်ဝန်ကြီးချုပ်တာဝန်က ရပ်စဲတဲ့ကိစ္စမှာ  အစိုးရအနေနဲ့ အခြေခံဥပဒေအတိုင်း ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက စက်တင်ဘာ ၄ ရက် သမ္မတအိမ်တော်မှာပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ကယားပြည်နယ်လွှတ်တော်က စွပ်စွဲပြစ်တင်မဲခွဲဆုံးဖြတ်ပြီးနောက်  စက်တင်ဘာလ ၃ ရက်နေ့မှာ သမ္မတက  တာဝန်ကနေ ရပ်စဲလိုက်တာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးဇော်ဌေးက “ ပြီးခဲ့တဲ့ကိစ္စတွေကို အခုပြန်ပြီးလုပ်တဲ့အခါမှာ သူ့ရဲ့ဖြစ်စဉ်ဖြစ်ပွားရခြင်းနောက်ကွယ်က အကြောင်းတရားတွေရှိပါလိမ့် မယ်။ ဒါတွေကိုတော့ မပြောလိုဘူး။ အဲ့တော့ တတိယအချက်အနေနဲ့ နိုင်ငံတော်သမ္မတကြီးပေါ့နော်။ အစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီပဲ ဆောင်ရွက်ရတဲ့ သဘောရှိပါတယ်။ ဒီအပေါ်မှာလည်း သက်ဆိုင်တဲ့ ကာယကံရှင်ကိုယ်တိုင်က တင်ပြလာတယ်။ ဒီဖြစ်စဉ်တွေကို သမ္မတရုံးကိုတင်ပြပါတယ်။ တင်ပြလာတော့ သူ့ကိုကျနော်တို့ ရာထူးက ရပ်နားခြင်း မပြုခင် သူ့ရဲ့တင်ပြချက်၊ အဲ့တော့ သူ့ရဲ့တင်ပြချက်ကလည်း လွှတ်တော်ရဲ့ ဆောင်ရွက်ချက်တွေအပေါ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကနေ interpret လုပ်ပေးဖို့ တင်ပြလာတာတွေရှိတယ်။ အဲ့ဒါတွေလည်း အခြေခံဥပဒေအရ လုပ်ထုံး လုပ်နည်းနဲ့အညီပဲ သမ္မတရုံးအနေနဲ့ ဆောင်ရွက်ထားကြောင်းဖြေကြားလိုပါတယ်” လို့ ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၃၊ ပုဒ်မခွဲ(င)၊ ပုဒ်မခွဲငယ်(၂)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၀ နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဥပဒေပုဒ်မ ၅၅ တို့ပါ ပြဋ္ဌာန်းချက်တွေအရ အခုလို ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို တာဝန်ကနေ ရပ်စဲခံရတာပါ။ 

ဒီဖြစ်စဉ်ဟာ ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ကိုယ်တိုင် လာမယ့်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအဖြစ်လျာထားတာမှာ မပါဝင်တဲ့အတွက် အလားတူ မပါဝင်တဲ့ အဖွဲ့ချုပ်ဝင် ကိုယ်စားလှယ်တွေနဲ့ အဖွဲ့ချုပ်ကမဟုတ်တဲ့ တခြားအစုအဖွဲ့ဝင် ကိုယ်စားလှယ်တွေရဲ့ အင်အားကို ရယူပြီး အဖွဲ့ချုပ်ရဲ့ နိုင်ငံရေးပုံရိပ်ကို ထိခိုက်စေမယ့် ဆောင်ရွက်မှုဖြစ်တယ်လို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဟာ  ဥပဒေနဲ့အညီ မှန်ကန်စွာ ဆောင်ရွက်ခြင်းမပြုဘဲ ပုဂ္ဂိုလ်ရေးအာဃာတနဲ့ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သုံးသပ်ပြီး နောင်မှာ ဒီလိုဖြစ်ရပ်မျိုး မပေါ်ပေါက်အောင်ကြပ်မတ်ဆောင်ရွက်သွားမယ်လို့ အန်အယ်လ်ဒီပါတီရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013