DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၅ ဦးထပ်တွေ့၊ မြန်မာနိုင်ငံ၌ အတည်ပြုလူနာ ပေါင်း ၈၈၇ ဦးအထိရှိလာ 
DVB
·
September 1, 2020
ကိုဗစ်-၁၉ လူနာသစ် ၅ ဦးထပ်တွေ့၊ မြန်မာနိုင်ငံ၌ အတည်ပြုလူနာ ပေါင်း ၈၈၇ ဦးအထိရှိလာ 
Donate to DVB

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၅ ဦးထပ်မံစစ်ဆေးတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL)မှ ဒုတိယအသုတ် ဓာတ်ခွဲ နမူနာ ၃၅၆ ခု၊ နေပြည်တော်၊ အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ ၅၅ ခုတို့အား ထပ်မံ စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် ၅ ဦးတွေ့ရှိတာပါ။ 

မနေ့ညကလည်း လူနာသစ် ၉၅ ဦးတွေ့ရှိတယ်လို့ ထုတ်ပြန်ထားပြီး ဓာတ်ခွဲနမူနာ ၂,၁၅၂ ခုအား စစ်ဆေးခဲ့ရာမှာ မနေ့ညနဲ့ ဒီနေ့မနက်ထုတ်ပြန်ချက်အရ စုစုပေါင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၀၀ ဦး တွေ့ရှိခဲ့တာပါ။

ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၀၀ ဦးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

စက်တင်ဘာ ၁ ရက်မနက် ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  ရောဂါ အတည်ပြုလူနာ ပေါင်း ၈၈၇ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၃၅၄ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ  ၃၄၇ ဦး စောင့်ကြည့်လူနာအသစ် ၆၁ ဦးရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013