DVB Logo
Home
Lead Story
လက်လက်ကိုထလို့သီချင်းနှင့် လက်တန်းရက်ပ်ရွတ်ပြီး အစွမ်းပြခဲ့သူ ၁၆ နှစ်သမီး The Voice Myanmar ပြိုင်ပွဲဝင်(ရုပ်သံ)
DVB
·
August 31, 2020
လက်လက်ကိုထလို့သီချင်းနှင့် လက်တန်းရက်ပ်ရွတ်ပြီး အစွမ်းပြခဲ့သူ ၁၆ နှစ်သမီး The Voice Myanmar ပြိုင်ပွဲဝင်(ရုပ်သံ)
Donate to DVB

       မိန်းကလေးရက်ပ်ပါ ပြိုင်ပွဲဝင်တွေ လာရောက်ယှဉ်ပြိုင်တာနည်းတဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲစင်မြင့်ရဲ့ ဒုတိယသီတင်းပါတ်မှာတော့ ထူးထူးခြားခြား ဆယ်ကျော်သက်ရက်ပ်ပါပြိုင်ပွဲဝင်တယောက်က Blind Audition အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်နေ့က ပြန်လည်စတင်ခဲ့တဲ့ The Voice Myanmar Season 3 မှာ ဝင်ရောက်ယှဉ်ပြိုင်လိုသူတွေကိုတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ ကတည်းက Online Audition လျှောက်လွှာတွေ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာတော့ Blind Audition၊ Battle Round၊ KnockOut Round၊ Liveshow နဲ့ Semi Final အဆင့်စတဲ့ ပြိုင်ပွဲအဆင့်တွေကို ပြိုင်ပွဲဝင်တွေက အကြိတ်အနယ် ဖြတ်ကျော်ပြီးမှ နောက်ဆုံး ဖိုင်နယ်အဆင့်ကို ရောက်ရှိတာ ဖြစ်ပါတယ်။

   အခုနှစ်ရဲ့ Season 3 မှာလည်း မနှစ်က Coach တွေဖြစ်ကြတဲ့ R. ဇာနည်၊ ရန်ရန်ချန်း၊ ကျားပေါက်နဲ့ နီနီခင်ဇော်တို့ကပဲ ပြန်လည်ပြီးတော့ ပါဝင်ခဲ့ကြကာ Blind Audition အဆင့်ပြိုင်ပွဲကနေ Team တခုစီအတွက် ပြိုင်ပွဲဝင် ၁၂ ယောက်စီ ရွေးချယ်သွားကြမှာ ဖြစ်ပါတယ်။

မြန်ဆန်လွန်းတဲ့ ရက်ပ်တေးသွားတွေနဲ့ သီဆိုယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဝင်ကတော့ အသက် ၁၆ နှစ်အရွယ်သာ ရှိသေးတဲ့ သင်းယုဖြစ်ပြီး သူက ရက်ပ်စတား Bobby Soxer ရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ “လက်လက်ကိုထလို့”သီချင်းနဲ့ အစွမ်းပြခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ သီဆိုယှဉ်ပြိုင်မှုမှာတော့ Coach တွေထဲက R. ဇာနည်နဲ့ ရန်ရန်ချန်းတို့က နောက်လှည့်ကြည့်ခဲ့ကြတာဖြစ်ပြီး သူကတော့ ရန်ရန်ချန်းကို ရွေးချယ်လိုက်ကာ နောက် ထပ်အစွမ်းပြဖို့ သီချင်းတပုဒ်တောင်းဆိုခဲ့ချိန်မှာတော့ သင်းယုက ရန်ရန်ချန်းနဲ့အတူ ကိုယ်ပိုင်စာသားအလန်းစားနဲ့ လက်တန်းရက်ပ်ရွတ်ကာ သီဆိုပြသွားခဲ့တာ ဖြစ်ပါတယ်။

ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲတခုဖြစ်တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ မနှစ်ကတော့ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေဖြစ်တဲ့ The Best Of Melody World၊ အိပ်မက်ဆုံရာ၊ The X Factor Myanmar စတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေ ရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစုပါဝင်နေပြီး အကြိတ်အနယ် ရှိနေကြတာကို တွေ့ရပါတယ်။

       မနှစ်က Season 2 မှာတော့ Coach ၄ ယောက်ရဲ့ အဖွဲ့ ၄ ဖွဲ့ထဲက ပြိုင်ပွဲဝင် နိုဗန်ထူး၊ ဟေဇယ်လ်၊ ပေါလ်အော်စတင်နဲ့ မယ်လိုဒီခေါင်တို့က နောက်ဆုံးအဆင့်ထိ ရောက်ရှိ လာခဲ့ကြပြီး ပြိုင်ပွဲတလျှောက် ရော့ခ်မက်တယ်လ်သီချင်းတွေနဲ့ အစွမ်းပြယှဉ်ပြိုင်ခဲ့သူ နိုဗန်ထူးက ဆုရရှိသွားခဲ့တာပါ။

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar Season 1 သီချင်းဆိုပြိုင်ပွဲမှာလည်း Winner ဆုရှင်ဟာ Coach လင်းလင်းရဲ့ အဖွဲ့ထဲက အမျိုးသား ပြိုင်ပွဲဝင် ငွေစိုးက ရရှိခဲ့တာမို့ နိုဗန်ထူးဟာ ဒုတိယမြောက် ဆုရရှိတဲ့ အမျိုးသား ပြိုင်ပွဲဝင် Winner တယောက်ဖြစ်လာခဲ့တာပါ။

ခုတပတ်ရဲ့ Blind Audition အဆင့်မှာတော့ ပြိုင်ပွဲဝင်တွေထဲက လင်းမြိုင်၊ ကို ထိုက်၊ အောင်ပိုင်သူနိုင်၊ ခင်ရတနာစိုး၊ သင်းယု၊ လင်းဝေ၊ ထက်ဂျင်၊ နီထူးစတဲ့ ပြိုင်ပွဲဝင် ၈ ယောက်ကတော့ သက်ဆိုင်ရာ Team တွေအလိုက် နောက်တဆင့်ကို ရောက်ရှိခဲ့ပြီ ဖြစ်ပါ တယ်။

အရင်တပတ်ကတော့ ပြိုင်ပွဲဝင်တွေထဲက Janus၊ နော်ပြည့်စုံအေးကြူ၊ ဖြုန်းတီး၊ နေခြည်မိုးဦး၊ ရွှေမှုန်၊ Annie၊ ပန်၊ Change စတဲ့ ပြိုင်ပွဲဝင် ၈ ယောက်က  Blind Audition အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့တာမို့ စုစုပေါင်း ၁၆ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အခုနှစ် Season 3 မှာရော နိုင်ငံအနှံ့အပြားက ဘယ်လိုရွက်ပုန်းသီး အနုပညာရှင်‌တွေ ထွက်ပေါ်လာဦးမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013