DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ပိုးတွေ့သူများလာ၍ မောင်တောခရိုင် စျေးဆိုင်အားလုံး နေ့ဝက်သာ ဖွင့်ခွင့်ပြု
DVB
·
August 30, 2020
ကိုဗစ်-၁၉ ပိုးတွေ့သူများလာ၍ မောင်တောခရိုင် စျေးဆိုင်အားလုံး နေ့ဝက်သာ ဖွင့်ခွင့်ပြု
1 / 3
Donate to DVB

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ လူနာ ၂၅ ဦးအထိ ရှိလာတာကြောင့် ရခိုင်ပြည်နယ် မောင်တောခရိုင်ရှိ ဘူးသီးတောင်မြို့နဲ့ မောင်တောမြို့တွေက စျေးတွေနဲ့ စျေးဆိုင်တွေအားလုံးအား သြဂုတ် ၂၈ ရက်နေ့မှစပြီး နေ့တဝက်သာ ဖွင့်လှစ်ဖို့ အကန့်အသတ်မရှိ အမိန့်ထုတ်ပြန်ထားတယ်လို့ သိရှိရပါတယ်။

မောင်တောမြို့နယ် စည်ပင်သာယာရေး အလုပ်အမှုဆောင်အရာရှိ ဦးအေးသိန်းက “ကိုရိုနာဗိုင်းရပ်စ်အမျိုးသားဗဟိုကော်မတီနဲ့ ပြည်နယ်အစိုးရအဖွဲ့ရဲ့လမ်းညွှန်ချက်နဲ့ စည်းကမ်းသတ်မှတ် အမိန့်ထုတ်ပြန်တာ ဖြစ်တယ်။ မနက် ၆ နာရီကနေ နေ့လယ် ၁ နာရီအထိသာ ဖွင့်လှစ်ဖို့ ညွှန်ကြားထားတယ်။ အချိန်ကာလက ဘယ်လောက်ထိကြာမလဲဆိုတာကတော့ မပြောတတ်ဘူး။ အခု ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ်နေတဲ့ကာလဆိုတော့ ကြာမြင့်နိုင်ပါတယ်။ ရခိုင်တပြည်နယ်လုံး Home Stay နေထိုင်ကြဖို့ပါ သတ်မှတ်ထားတဲ့ကာလလည်း ဖြစ်နေတယ်။ စည်းကမ်းချက်ကို လိုက်နာမှုမရှိရင်တော့ ကူးစက်ရောဂါ ကာကွယ်ရေးဥပဒေအရ အရေးယူသွားဖို့ စီစဉ်ထားတယ်”လို့ ပြောပါတယ်။

မနက် ၆ နာရီကနေ နေ့လယ် ၁ နာရီအထိသာ စျေးရောင်းချခွင့်အမိန့်ကို မောင်တောမြို့မှာ စည်းကမ်းလိုက်နာပြီး စျေးတွေအပါအဝင် စျေးဆိုင်တွေအားလုံး ပိတ်ထားကြပေမဲ့ ဘူးသီးတောင်မြို့က စျေးဆိုင်တချို့ကတော့ တနေကုန် ဖွင့်လှစ်ရောင်းချနေတာ တွေ့နေရပါတယ်။

ဘူးသီးတောင်မြို့က စျေးသည် ကိုအေးထွန်းက “ဘူးတောင်မှာကတော့ စားသောက်ဆိုင်တို့၊ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်တွေက နေ့တဝက်ပဲ ရောင်းချကြတယ်။ နောက် ပါဆယ်စနစ်နဲ့ပေါ့။ ဆေးဆိုင်နဲ့ တခြားကုန်ပစ္စည်း လက်လီဆိုင်တွေကျတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ခွင့်ပြုမိန့်နဲ့ရောင်းချကြရပါတယ်” လို့ ပြောပါတယ်။

မောင်တောခရိုင်မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ လက်ရှိ ၂၅ ဦးအထိ ရှိနေပြီး ဘူးသီးတောင်မြို့မှာ ၆ ဦး၊ မောင်တောမြို့မှာ ၁၉ ဦးတို့ကို သက်ဆိုင်ရာပြည်သူဆေးရုံတွေမှာ အထူးကြပ်မတ် ဆေးကုသပေးနေပါတယ်။

လင်းလက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013