DVB Logo
Home
မြန်မာသတင်း
သြဂုတ် ၁၀ ရက်နောက်ပိုင်း ရခိုင်ခရီးသွားသူအားလုံး ကျန်းမာရေးဌာနကို အကြောင်းကြားရမည်
DVB
·
August 30, 2020
သြဂုတ် ၁၀ ရက်နောက်ပိုင်း ရခိုင်ခရီးသွားသူအားလုံး ကျန်းမာရေးဌာနကို အကြောင်းကြားရမည်
Donate to DVB

ဩဂုတ် ၁၀ ရက်ကနေ ၂၇ ရက်နေ့အတွင်း ရခိုင်ပြည်နယ်ကနေ လေကြောင်းနဲ့ တခြားတိုင်းနဲ့ ပြည်နယ်တွေကို ရောက်သွားသူတချို့ရဲ့ စာရင်းတွေကို အစိုးရပိုင်သတင်းစာတွေမှာ ဖော်ပြလိုက်ပါတယ်။

ဒီကာလအတွင်း ရခိုင်ပြည်နယ်ကနေ လေကြောင်းနဲ့ ထွက်ခွာသူပေါင်း ၅၇၀၀ ကျော်ရှိပြီး ဒီထဲက တချို့ဟာ ကိုဗစ်-၁၉ ကူးစက်နေသူတွေ ဖြစ်နိုင်တာကြောင့် ရခိုင်ပြည်နယ်ကို သြဂုတ် ၁၀ ရက်နောက်ပိုင်း ခရီးသွားရာဇဝင်ရှိသူအားလုံးဟာ နီးစပ်ရာ ကျန်းမာရေးဌာနတွေကို ချက်ချင်း အကြောင်းကြားရမယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောထားပါတယ်။

ဒီနေ့ ထုတ်ပြန်လိုက်တဲ့စာရင်းထဲမှာတော့ စစ်တွေ၊ ကျောက်ဖြူ၊ အမ်းနဲ့ သံတွဲမြို့တို့ကနေ ရန်ကုန်မြို့ကို သြဂုတ် ၁၀ ရက်ကနေ ၁၃ ရက်အထိ ပြေးဆွဲတဲ့ ခရီးစဉ်တွေမှာ လိုက်ပါသူတွေကို ဖော်ပြထားပြီး အားလုံးအယောက် ၁၉၀၀ ကျော်ပါတယ်။

ပြေးဆွဲခဲ့တဲ့ လေကြောင်းလိုင်းတွေကတော့ Myanmar National Airlines (MNA)၊ Air KBZ၊ Mann Yadanarpone Airlines၊ Air Thanlwin နဲ့ Golden Myanmar Airlines တို့ဖြစ်ပြီး စာရင်းတွေကို ဆက်ပြီးဖော်ပြမယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ဟာ အချိန်တိုအတွင်း အများအပြားတွေ့နေပြီး ကပ်ရောဂါရဲ့ သဘောသဘာဝအရ နောက်ထပ်ရက်နည်းနည်းမှာလည်း ဆက်များနေနိုင်တယ်လို့ ဝန်ကြီးက ပြောထားပါတယ်။

ဆေးသုတေသနဦးစီးဌာနမှာ ကနဦးစစ်ဆေးချက်အရ ရခိုင်ပြည်နယ်က ဓာတ်ခွဲနမူနာ ၉ ခုလုံးမှာ ကိုဗစ်-၁၉ ရောဂါပိုးနဲ့ မျိုးဗီဇအစိတ်အပိုင်းတခုဟာ ပြောင်းလဲနေတာကို တွေ့ရလို့ အခုလို ကူးစက်တာ မြန်နေတယ်လို့ ယူဆပြီး မျိုးဗီဇတခုလုံးကို ဆက်လက်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ပြီးတော့ ရခိုင်ပြည်နယ်မှာ သြဂုတ် ၁၆ ရက်နောက်ပိုင်းတွေ့ရတဲ့ ကိုဗစ်-၁၉ လူနာတွေမှာ ရောဂါလက္ခဏာတစုံတရာမပြဘဲ အမြင်အားဖြင့် နေကောင်းနေသူတွေ ၇၉ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013