DVB Logo
Home
မြန်မာသတင်း
သာကေတက လူနာသစ်အမှတ် ၇၀၁ ၏ မိသားစုဝင် ၄ ဦးကို Quarantine စင်တာပို့
DVB
·
August 30, 2020
သာကေတက လူနာသစ်အမှတ် ၇၀၁ ၏ မိသားစုဝင် ၄ ဦးကို Quarantine စင်တာပို့
Donate to DVB

မ​နေ့ည ၈ နာရီထုတ်ပြန်တဲ့ ပိုး​တွေ့လူနာ ၇၇ ​ယောက်ထဲက ရန်ကုန်တိုင်း သာကေတနဲ့ ဒလမြို့နယ်တို့က ၁ ဦးစီ ပါဝင်ခဲ့ပါတယ်။

 သာ​ကေတမြို့နယ် ၂ ​မြောက် တိုချဲ့ ၁ လမ်းနေ ပိုး​တွေ့လူနာအမှတ် ၇၀၁ ဟာ ပြည်ပနဲ့ ရခိုင်ပြည်နယ်တို့ကို ခရီးသွားရာဇဝင်မရှိသလို ကိုဗစ်-၁၉ လူနာတွေနဲ့လည်း ထိတွေ့မှုမရှိခဲ့ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

အသက် ၂၆ နှစ်အရွယ် လူနာအမှတ် ၇၀၁ ရဲ့  မိသားစုဝင် ၄ ​ယောက်အား Quarantine စင်တာကို ညတွင်းချင်းပို့လိုက်​တယ်လို့ ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ်​ ဒေါက်တာ​ဝေဖြိုးအောင်က​ပြောပါတယ်။

မိသားစုဝင် ၄ ​ယောက်ကို​ မ​နေ့ညက ရွှေပြည်သာကွန်ပျူတာတက္ကသိုလ် Quarantine စင်တာကို ​အောင်​ဇေယျလူမှုကူညီ​ရေးအဖွဲ့က ပို့ဆောင်ပေးခဲ့တာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013