DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းက ၁၁ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၉၃ ဦးတွေ့ရှိ
DVB
·
August 30, 2020
ရန်ကုန်တိုင်းက ၁၁ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၉၃ ဦးတွေ့ရှိ
Donate to DVB

ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၀၅၄ ခုအား စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၉၃ ဦး တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီထုတ်ပြန်ပါတယ်။

ဒီနေ့မနက်ပိုင်းမှာ ဓာတ်ခွဲနမူနာ ၅၈၀ အား ဒုတိယသုတ်အဖြစ် စစ်ဆေးချက်အရ ကိုဗစ်-၁၉ လူနာသစ် ၁၆ ဦး ထပ်မံတွေ့ရှိခဲ့ပါတယ်။

လူနာသစ် ၁၆ ဦးထဲမှာ ရန်ကုန်တိုင်းက ၁၁ ဦးထိ ပါဝင်ပြီး ပဲခူးတိုင်းက ၁ ဦး၊ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်က ၂ ဦးနဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူ ၁ ဦးနဲ့ မင်းပြားမြို့တို့က ၁ ဦးတို့ ဖြစ်ပါတယ်။

အင်းစိန်မြို့နယ်က ၃ ဦး၊ ရွှေပြည်သာက ၂ ဦး၊ မြောက်ဥက္ကလာက ၁ ဦး၊ တောင်ဒဂုံက ၁ ဦး၊ ကမာရွတ်မြို့နယ်က ၁ ဦး၊ တာမွေမြို့နယ်က ၂ ဦး၊ ဒဂုံဆိပ်ကမ်းမြို့နယ်က ၁ ဦးတို့ ဖြစ်ပါတယ်။

လူနာသစ် ၁၆ ဦးထဲမှာ ပြည်ပနိုင်ငံတွေက ပြန်လာသူ ၆ ဦး ပါဝင်ပြီး ကျန်သူတွေကတော့ ပြည်တွင်း ကူးစက်ခံရသူတွေ ဖြစ်ပါတယ်။

သြဂုတ် ၂၉ ရက်နေ့အတွက် ပထမသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၁၄၇၄ ခုအား စစ်ဆေးရာမှာတော့ ပြည်ပခရီးသွားရာဇဝင်မရှိတဲ့ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ် ၇၇ ဦး တွေ့ရှိခဲ့ပါတယ်။

လူနာသစ်အားလုံးဟာ အသွားအလာကန့်သတ်ထားသူတွေဖြစ်ပြီး စစ်တွေမြို့က လူနာသစ် ၃၂ ဦးမှာ ၂၆ ဦးက ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိခဲ့ပြီး ၆ ဦးကတော့ မရှိပါဘူး။

ကျောက်ဖြူမြို့က လူနာသစ်အယောက် ၄၀ မှာ ၁၆ ဦးက ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေမှုရှိခဲ့ပြီး ၂၄ ဦးကတော့ ထိတွေ့မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။ လူနာသစ်အယောက် ၄၀ မှာ ၂၅ ဦးက စစ်တွေကို ခရီးသွားရာဇဝင်ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း ဒလမြို့က လူနာသစ် အမှတ် ၇၀၀ နဲ့ သာကေတက လူနာသစ်အမှတ် ၇၀၁ တို့ကတော့ ပြည်ပခရီးသွားရာဇဝင်မရှိသလို ကိုဗစ်-၁၉ လူနာတွေနဲ့လည်း ထိတွေ့မှုမရှိခဲ့ပါဘူး။ ဒလမြို့က လူနာသစ်ဟာ စစ်တွေကို ခရီးသွားရာဇဝင်ရှိခဲ့သူ ဖြစ်ပါတယ်။

မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်က လူနာသစ်အမှတ် ၆၅၇၊ ရခိုင်ပြည်နယ် အမ်းမြို့နယ်က လူနာသစ် ၆၅၈ နဲ့ ၆၅၉ တို့ကတော့ ပြည်ပခရီးသွားရာဇဝင်မရှိသလို ကိုဗစ်-၁၉ လူနာတွေနဲ့လည်း ထိတွေ့မှုမရှိခဲ့ပေမဲ့ စစ်တွေကို ခရီးသွားရာဇဝင် ရှိတယ်လို့ ဆိုပါတယ်။

 မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၇၄၉ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၃၅၁ ဦးအနက် ဆေးရုံကဆင်းခွင့်ပြုခဲ့ပြီးသူ ၃၄၇ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၅၃ ဦးရှိပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၅ သန်းကျော်၊ သေဆုံးသူ ၈၄၀၀၀၀ ကျော်နဲ့ ရောဂါပိုးကင်းစင်လာသူ ၁၇ ဒသမ ၅ သန်းကျော်ရှိပြီလို့ သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013