DVB Logo
Home
မြန်မာသတင်း
ဓာတ်ခွဲနမူနာ ၁၄၇၄ ခုအား စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၇၇ ဦး တွေ့ရှိ 
DVB
·
August 29, 2020
ဓာတ်ခွဲနမူနာ ၁၄၇၄ ခုအား စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၇၇ ဦး တွေ့ရှိ 
Donate to DVB

သြဂုတ် ၂၉ ရက်နေ့အတွက် ပထမသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၁၄၇၄ ခုအား စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၇၇ ဦး တွေ့ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့ည ထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က (ပထမအသုတ်) ဓာတ်ခွဲနမူနာ ၅၆၀ ခု၊ ဆေးသုတေသနဦးစီးဌာနက ၁၉၃ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ၁၁၀ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ၂၇၂ ခု၊ ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့က ၁၀၀ ခု၊ ပြည်သူ့ဆေးရုံကြီး ကျောက်ဖြူမြို့က ၂၄ ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀) က ၃ ခု၊ ပြည်သူ့ဆေးရုံကြီး ပုသိမ်မြို့က ၁၁ ခုနဲ့ ရန်ကုန်မြို့ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁,၀၀၀) က ၂၀၁ ခု၊ စုစုပေါင်း ၁၄၇၄ ခုကို စစ်ဆေးခဲ့ပြီး အတည်ပြုလူနာသစ် ၇၇ ဦး တွေ့ရှိရပါတယ်။  

မြန်မာနိုင်ငံမှာ ဒီနေ့ည ၈ နာရီအထိ  ကိုဗစ်-၁၉ အတည်ပြုလူနာ ၇၃၃ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၃၅၁ ဦးအနက် ဆေးရုံကဆင်းခွင့်ပြုခဲ့ပြီးသူ ၃၄၇ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၅၃ ဦးရှိပါတယ်။

ဓာတ်ခွဲစစ်ဆေးမှုများပြီးစီးချိန်နဲ့ သတင်းထုတ်ပြန်ချိန်အကြား အချိန်တိုတောင်းတာကြောင့် ဓာတ်ခွဲအတည်ပြုလူနာတွေရဲ့ သတင်းအချက်အလက်တွေကို ပြုစုနေပြီး ထပ်မံထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၄ ဒသမ ၉ သန်းကျော်၊ သေဆုံးသူ ၈၄၀၀၀၀ ကျော်နဲ့ ရောဂါပိုးကင်းစင်လာသူ ၁၇ ဒသမ ၃ သန်းကျော်ရှိပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013