DVB Logo
Home
မြန်မာသတင်း
လာမည့်ဘဏ္ဍာနှစ်တွင် မွန်ပြည်နယ်အစိုးရ ဘတ်ဂျက် ၁၅၄ ဘီလီယံကျော်သုံးစွဲရန် တင်ပြ
DVB
·
August 29, 2020
လာမည့်ဘဏ္ဍာနှစ်တွင် မွန်ပြည်နယ်အစိုးရ ဘတ်ဂျက် ၁၅၄ ဘီလီယံကျော်သုံးစွဲရန် တင်ပြ
Donate to DVB

လာမယ့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ မွန်ပြည်နယ် အစိုးရအနေနဲ့ ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ဘတ်ဂျက် ရန်ပုံငွေ ကျပ် ၁၅၄ ဘီလီယံကျော် သုံးစွဲသွားဖို့ သြဂုတ် ၂၈ ရက်က ကျင်းပတဲ့ မွန်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ တင်ပြတောင်းခံခဲ့ပါတယ်။

ဒီအစည်းအဝေးမှာတော့ အစိုးရအဖွဲ့က ပြည်နယ်အတွင်း သုံးစွဲဆောင်ရွက်မယ့် ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းကို တင်သွင်းခဲ့တာဖြစ်ပြီး ပြည်နယ်တခုလုံးမှာ ဘတ်ဂျက် ရန်ပုံငွေ ကျပ် ၁၅၄ ဘီလီယံကျော် သုံးစွဲဆောင်ရွက်မယ့်အကြောင်း တင်ပြခဲ့တာပါ။

ဘတ်ဂျက် ရန်ပုံငွေ သုံးစွဲမှုအနေနဲ့ သာမန် အသုံးစရိတ်အတွက် ကျပ် ၃၅ ဘီလီယံကျော်၊ ငွေလုံးငွေရင်း အသုံးစရိတ်အတွက် ကျပ် ၁၁၉ ဘီလီယံကျော်ကို သုံးစွဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ 

သုံးစွဲဆောင်ရွက်မယ့် ဘတ်ဂျက်ရန်ပုံငွေထဲမှာ ပြည်ပချေးငွေဖြစ်တဲ့ အာရှဖွံ့ဖြိုးရေးဘဏ် ADB ချေးငွေက ကျပ် ၁၆ ဘီလီယံကျော် ပါဝင်နေတာပါ။

ဒီဘတ်ဂျက် ရန်ပုံငွေကို သုံးစွဲရာမှာတော့ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး၊ လျှပ်စစ်မီးရရှိရေး၊ မြို့ပြဖွံ့ဖြိုးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် ဦးစားပေးကဏ္ဍ ၁၄ ခု သတ်မှတ်ထားပါတယ်။

မွန်ပြည်နယ် အစိုးရအဖွဲ့က တင်ပြတောင်းခံလာတဲ့ ဘတ်ဂျက် ရန်ပုံငွေကိုတော့ အခုကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးအတွင်း အတည်ပြုပေးသွားဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013