DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်အစိုးရက ကိုဗစ်-၁၉  အရေးအတွက် ငွေကျပ်သိန်းပေါင်း ၈၀၀၀ ကျော်သုံးစွဲ
DVB
·
June 22, 2020
မွန်ပြည်နယ်အစိုးရက ကိုဗစ်-၁၉  အရေးအတွက် ငွေကျပ်သိန်းပေါင်း ၈၀၀၀ ကျော်သုံးစွဲ
Donate to DVB

မွန်ပြည်နယ်အစိုးရအဖွဲ့ဟာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွေအတွက် ငွေကျပ်သိန်းပေါင်း ၈၀၀၀ ကျော် သုံးစွဲထားပါတယ်။ 

မွန်ပြည်နယ်အတွင်းမှာ ကိုဗစ်-၁၉  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်ကို ပြီးခဲ့တဲ့ မတ်လကတည်း စတင်လုပ်ဆောင်ရာမှာ ရောဂါ ကုသ၊ ထိန်းချုပ်ရေးအပြင် Facility Quarantine Camp တွေအတွက်လည်း ရန်ပုံငွေတွေ သုံးစွဲနေတာပါ။

ဒီရန်ပုံငွေကိုတော့ မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ အရေးပေါ် ရန်ပုံငွေကနေ ငွေကျပ်သိန်း ၅၀၀၀ ၊ အထွေထွေပိုလျှံ ရန်ပုံငွေကနေ ငွေကျပ်သိန်း ၃၀၀၀ ကျော်၊ စုစုပေါင်း သိန်း ၈၀၀၀ ကျော် သုံးစွဲထားတာ ဖြစ်တယ်လို့  မွန်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သန်းဝင်းက ပြောပါတယ်။

ရန်ပုံငွေတွေ သုံးစွဲရမှာ နေရပ်ပြန်တွေအတွက် စောင်၊ ခြင်ထောင်၊ ခေါင်းအုံးတွေအပြင် ကျွေးမွေးစရိတ်အနေနဲ့ တစ်ရက်ကို ကျပ် ၂၅၀၀ နှုန်းနဲ့ ကျွေးမွေးနေတာ ဖြစ်ပါတယ်။

Quarantine Camp တွေရဲ့ ရန်ပုံငွေ သုံးစွဲမှုဟာ အခုနောက်ပိုင်း လျှော့ချတာတွေ ရှိလာတဲ့ အတွက်ကြောင့် ရန်ပုံငွေ သိန်း ၈၀၀၀ သုံးစွဲမှုဟာ မဖြစ်နိုင်ဘူးလို့ လူမှုကယ်ဆယ်ရေးအဖွဲ့ ကိုဘိုဘိုဝင်းက သုံးသပ်ပါတယ်။

မွန်ပြည်နယ်အစိုးရရဲ့ ကိုဗစ်-၁၉  ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးအတွက် ရန်ပုံငွေ သုံးစွဲမှုကို သံသယမရှိပေမယ့် ငွေသုံးစွဲမှုနဲ့ပတ်သက်ပြီး စာရင်းစစ်ချုပ် အစီရင်ခံစာ တင်ပြလာရင်တော့ ထောက်ပြဆွေးနွေးတာ လုပ်သွားမယ်လို့ မွန်ပြည်နယ် လွှတ်တော် ငွေစာရင်းစိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ  ဦးအောင်ကျော်သူက ပြောပါတယ်။

မွန်ပြည်နယ် အစိုးရအဖွဲ့ဟာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေး လုပ်ငန်းစဉ်ကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်က စတင် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ပြည်နယ်အတွင်း နေရပ်ပြန် လူပေါင်း ၂၀၀၀၀ ကျော်ကို Quarantine Camp တွေမှာ အသွားအလာကန့်သတ် စောင့်ကြည့်တာတွေ လုပ်ဆောင်ခဲ့ပြီး လက်ရှိမှာတော့ နေရပ်ပြန် လူပေါင်း ၃၀၀၀ ကျော်ကို ဆက်လက် စောင့်ကြည့်ထားပါတယ်။

ဇော်လွင်ထွဋ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013