DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်မှ လာသူအားလုံး Quarantine ဝင်ရန် မွန်ပြည်နယ်အစိုးရထုတ်ပြန်
DVB
·
August 24, 2020
ရခိုင်ပြည်နယ်မှ လာသူအားလုံး Quarantine ဝင်ရန် မွန်ပြည်နယ်အစိုးရထုတ်ပြန်
Donate to DVB

ရခိုင်ပြည်နယ်ကနေ လာရောက်သူအားလုံး Quarantine ဝင်ရမယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့က သြဂုတ် ၂၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ရခိုင်ပြည်နယ်မှ မွန်ပြည်နယ်သို့ လာရောက်မယ့်သူတွေအနေနဲ့ ဘယ်အကြောင်း ကိစ္စဖြစ်စေ မိမိနေထိုင်ရာ မြို့နယ်၊ ရပ်ကွက်ကျေးရွာ နေထိုင်ကြောင်း ထောက်ခံစာပြသရမယ်လို့ ဆိုပါတယ်။

ဒါအပြင် ရခိုင်ပြည်နယ် stay at home သတ်မှတ်ထားတဲ့ မြို့နယ်ကနေ မွန်ပြည်နယ်ကို လာရင် ၁၄ ရက် quarantine ဝင်ရမယ့်အပြင် ကိုဗစ်-၁၉  ရောဂါပိုး ရှိ မရှိ နှစ်ကြိမ် ဓာတ်ခွဲ နမူနာ ရယူပြီး စစ်ဆေးခံရမှာ ဖြစ်ပါတယ်။

မွန်ပြည်နယ်အတွင်းရှိ ပြည်သူတွေအနေနဲ့လည်း လူစုလူဝေးရှိရာ နေရာတွေကို လုံးဝ သွားရောက်ခြင်းမှရှောင်ကြည်ကြဖို့နဲ့ အပြင်ထွက်တိုင်း ပါးစပ်နဲ့ နှာခေါင်းစည်း mask စနစ်တကျ မပျက်မကွက် တပ်ဆင်ကြဖို့ မွန်ပြည်နယ်န အစိုးရအဖွဲ့က ဆော်ဩထားပါတယ်။

ကိုဗစ်-၁၉ ရောဂါ သံသယ လက္ခဏာတွေ ဖြစ်တဲ့ ဖျားနာတာ၊ ချောင်းဆိုးတာ၊ အသက်ရှုခက်တဲ့ဝေဒနာ ခံစားရရင် ကျန်းမာရေးဌာနနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေထံအမြန်ဆုံး သတင်းပို့ပေးကြဖို့နဲ့ ရောဂါးပိုး ရှိသူတွေကို ရှာဖွေဖော်ထုတ်တဲ့ လုပ်ငန်းစဉ်ကို ပူးပေါင်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

သတင်း - ဇော်လွင်ထွဋ် 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013