DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၂၆ ဦး ထပ်တွေ့၊ စုစုပေါင်း ၆၂၈ ဦးရှိလာ
DVB
·
August 28, 2020
ကိုဗစ်-၁၉ လူနာသစ် ၂၆ ဦး ထပ်တွေ့၊ စုစုပေါင်း ၆၂၈ ဦးရှိလာ
Donate to DVB

သြဂုတ် ၂၇ ရက်နေ့အတွက် ဒုတိယသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၆၂၁ ခုအား စစ်ဆေးချက်အရ ကိုဗစ်-၁၉ လူနာသစ် ၂၆ ဦး တွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၅၆၄ ခု၊ ဆေးသုတေသနဦးစီးဌာနက  ၂၅ ခုနဲ့ ပြည်သူ့ဆေးရုံကြီး ကျောက်ဖြူမြို့က ၃၂ ခု၊ စုစုပေါင်း ၆၂၁ ခုအား စစ်ဆေးခဲ့ပြီး လူနာသစ် ၂၆ ဦး တွေ့ရှိခဲ့တာပါ။

ဓာတ်ခွဲစစ်ဆေးပြီးစီးချိန်နဲ့ သတင်းထုတ်ပြန်ချိန်အကြား အချိန်တိုတောင်းတာကြောင့် လူနာသစ်တွေရဲ့ သတင်းအချက်အလက်တွေကို ပြုစုနေပြီး ထပ်မံထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

မနေ့ညကလည်း ပထမသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၁,၃၅၅ ခုစစ်ဆေးရာမှာ လူနာသစ် ၁၆ ဦး တွေ့ရှိခဲ့ပါတယ်။

လူနာသစ်တွေကတော့ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်က  ၈ ဦး၊ ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်က ၁ ဦး၊ မြောက်ဥက္ကလာပမြို့နယ်က ၂ ဦး၊ ရန်ကင်းမြို့နယ်က ၁ ဦး၊  မွန်ပြည်နယ် ရေးမြို့နယ်က ယူအေအီးပြန်  ၁ ဦး၊ မော်လမြိုင်မြို့နယ်က ယူအေအီးပြန် ၁ ဦး၊ မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်က စင်ကာပူပြန် ၁ ဦးနဲ့ ပဲခူးတိုင်း တောင်ငူမြို့နယ်က  ၁ ဦးတို့ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၂၈ ဦး၊ သေဆုံးသူ ၆ ဦးနဲ့ ‌ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၃၄၉ ဦး၊ ဆေးရုံမှဆင်းခွင့်ပြုခဲ့သူ ၃၃၉ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၆၇ ဦးရှိပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၄ ဒသမ ၆ သန်းကျော်၊ သေဆုံးသူ ၈ သိန်း ၃ သောင်းကျော်နဲ့ ရောဂါပိုးကင်းစင်လာသူ ၁၇ သန်းကျော်ရှိပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013