
လက်ရှိဥရောပချန်ပီယံ ပီအက်စ်ဂျီအသင်းဟာ အခုနှစ် ချန်ပီယံလိဂ် အမှတ်ပေးအဆင့် (League Phase) ပွဲစဉ်တွေမှာ ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ မန်စီးတီး၊ အက်စတွန်ဗီလာတို့ အပြင် စပိန်ထိပ်သီး ဘာစီလိုနာအသင်းနဲ့ပါ ထိပ်တိုက်ရင်ဆိုင်ရမှာဖြစ်တယ်လို့ ယူအီးအက်ဖ်အေက ကြေညာထားပါတယ်။
လက်ရှိချန်ပီယံ ပီအက်စ်ဂျီအသင်းဟာ ဘာစီလိုနာအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး မန်စီးတီးနဲ့ အက်စတွန်ဗီလာတို့ရဲ့ အိမ်ကွင်းတွေကို သွားရောက် ကစားရမှာဖြစ်ပါတယ်။
အာဆင်နယ်အသင်းကလည်း ရီးရဲလ်မက်ဒရစ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ကာ ဘိုင်ယန်မြူးနစ် အိမ်ကွင်းကို သွားရောက်ရမှာဖြစ်ပါတယ်။
အခုနှစ် ချန်ပီယံလိဂ် အမှတ်ပေးအဆင့် ပွဲစဉ်တွေကို စက်တင်ဘာ ၈ ရက်မှာ စတင် ကျင်းပမှာဖြစ်ပြီး လာမဲ့ ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၂၇ ရက်မှာ နောက်ဆုံးပွဲစဉ်တွေကို ယှဉ်ပြိုင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Photo:Reuters











