DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတဝန်း အထက်တန်းကျောင်းပေါင်း ၆၅၀၀ ကျော်ဖွင့်ထား
DVB
·
August 25, 2020
မြန်မာနိုင်ငံတဝန်း အထက်တန်းကျောင်းပေါင်း ၆၅၀၀ ကျော်ဖွင့်ထား
Donate to DVB

မြန်မာနိုင်ငံတဝန်းမှာ အထက်တန်းကျောင်းပေါင်း ၆၅၀၀ ကျော်ဖွင့်ထားပြီလို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အထွေထွေအုပ်ချုပ်ရေးမှူးတွေ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေသအာဏာပိုင်တွေ၊ အခြေခံပညာဦးစီးဌာနနဲ့ မိဘဆရာအသင်းတွေပါတဲ့ ပူးပေါင်းအဖွဲ့တွေက သြဂုတ် ၂၁ ရက်အထိ အထက်တန်းကျောင်းပေါင်း ၇၁၇၃ ကျောင်းထဲက ၇၁၂၉ ကျောင်းကို စစ်ဆေးအကဲဖြတ်ခဲ့ပါတယ်။ 

ဒီအထဲက အဆင်သင့်ဖြစ်တဲ့ အေအဆင့်ကျောင်း ၆၅၇၃ ကျောင်း၊ ပြန်ပြီး စိစစ်အတည်ပြု ဖြည့်ဆည်းဖို့လိုတဲ့ ဘီအဆင့်ကျောင်း ကျောင်း ၅၃၀၊ အဆင်သင့်ဖြစ်ဖို့နဲ့ ဖြည့်ဆည်းဖို့လိုတဲ့ C အဆင့်ကျောင်း ၂၆ ကျောင်းရှိပြီး သြဂုတ် ၂၁ ရက်အထိ ၆၅၂၆ ကျောင်းကို ဖွင့်လှစ်ခွင့်ရထားပြီ ဖြစ်ပါတယ်။

ဖြည့်ဆည်းဖို့လိုတဲ့ကျောင်းအားလုံးကို အမြန်ဆုံးပြန်ဖြည့်ဆည်းပြီး ဆန်းစစ်အကဲဖြတ်တာတွေ လုပ်ပြီးရင် ပြန်ဖွင့်ဖို့ ခွင့်ပြုနိုင်ရေး စီစဉ်သွားမယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ဖွင့်ခွင့်ပြုထားတဲ့ ကျောင်းတွေကိုတော့ ကိုဗစ်-၁၉ ထိန်းချုပ်နိုင်ရေးအတွက် ယာယီပိတ်ခိုင်းထားပြီး ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသတဲ့ အခြေအနေအရ ကျောင်းတွေ အမြန်ဆုံး ဖွင့်နိုင်ဖို့ စီစဉ်မယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အခြေခံပညာကျောင်းတွေကို အကန့်အသတ်နဲ့ ပြန်လည်ဖွင့်လှစ်ခွင့်ပေးနေရာမှာ လာမယ့် ရက်ပိုင်းအတွင်း အထက်တန်းကျောင်း ၈၂၅ ကျောင်းကို ဖွင့်လှစ်နိုင်ဖို့ တင်ပြထားတယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက သြဂုတ် ၂၁ ရက်မှာ ပြောထားပါတယ်။

ကျောင်းတွေကို ပြန်လည်ဖွင့်ခွင့်ပေးထားပေမယ့် ရောဂါပိုး တွေ့ရင် ချက်ချင်းပြန်လည်ပိတ်နိုင်ဖို့ ဆောင်ရွက်ထားတယ်လို့လည်း ပြောပြီး ဖွင့်ထားပြီးတဲ့ ကျောင်းတွေမှာ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးအတွက် ဆောင်ရွက်တာတွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကို နေ့စဉ်တင်ပြနေတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013