DVB Logo
Home
မြန်မာသတင်း
ဓာတ်ခွဲနမူနာ ၇၁၈ ကို စစ်ဆေးချက်အရ လူနာသစ်မတွေ့ရှိ
DVB
·
August 25, 2020
ဓာတ်ခွဲနမူနာ ၇၁၈ ကို စစ်ဆေးချက်အရ လူနာသစ်မတွေ့ရှိ
Donate to DVB

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဩဂုတ် ၂၄ ရက်နေ့အတွက် ဒုတိယအသုတ်  ထပ်မံစစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၇၁၈ မှာ ကိုဗစ်-၁၉  အတည်ပြုလူနာသစ်မတွေ့ရှိဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနရဲ့ ဒီမနက် ထုတ်ပြန်ချက်အရ သိရပါတယ်။ 

မနေ့ညကတော့ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁,၀၆၈ ခုကို စစ်ဆေးခဲ့ရာမှာ  ရန်ကုန်က အမျိုးသမီး ၁  ဦးအပါဝင် လူနာသစ် ၁၁ ဦး ထပ်မံတွေ့ရှိခဲ့ပါတယ်။

အဆိုပါလူနာသစ်တွေကတော့  ပြည်ပကိုခရီးသွားခဲ့တဲ့ ရာဇဝင်မရှိသူ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်က ၅ ဦး၊ ဘူးသီးတောင်မြို့နယ်က ၄ ဦး၊  ကမာရွတ်မြို့နယ်က အမျိုးသမီး  ၁ ဦးနဲ့  မွန်ပြည်နယ် ပေါင်မြို့နယ်က စင်ကာပူပြန် အမျိုးသား ၁ ဦးတို့ဖြစ်ကြပါတယ်။

အဆိုပါလူနာသစ်တွေထဲက  ၅ ဦးဟာ စစ်တွေမြို့ကို ခရီးသွားခဲ့တဲ့ ရာဇဝင်ရှိတဲ့အတွက် အသွားအလာကန့်သတ်စောင့်ကြပ်ခံထားရသူတွေဖြစ်ပါတယ်။

မြန်မာနိုင်ငံမှ ဩဂုတ် ၂၅ ရက် မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း  ၄၇၄ ဦး၊ သေဆုံးသူ ၆ ဦး၊ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ ၃၄၁  ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ  ၃၃၅ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၃၁ ဦးရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013