DVB Logo
Home
မြန်မာသတင်း
မိုးကုတ်မြို့တွင် စစ်တွေပြန်မိသားစုဝင်များကို သီးသန့် Quarantine ထားရှိ
DVB
·
August 24, 2020
မိုးကုတ်မြို့တွင် စစ်တွေပြန်မိသားစုဝင်များကို သီးသန့် Quarantine ထားရှိ
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေကနေ မိုးကုတ်ကို ပြန်လည်ရောက်ရှိလာပြီး နေအိမ်မှာ Quarantine  ဝင်နေတဲ့ မိသားစုဝင် ၅ ဦးကို သီးသန့်နေရာတစ်ခုမှာပို့ဆောင်   Quarantine ထားရှိတယ်လို့ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးကော်မတီက သိရပါတယ်။

အဆိုပါ မိသားစုနဲ့ ပတ်သက်ပြီး  ပတ်ဝန်းကျင်က စိုးရိမ်ပူပန်မှုတွေရှိတာကြောင့် သြဂုတ် ၂၃ ရက်နေ့မှာ စံတော်ဝင် Quarantine စင်တာကို သီးသန့်ပို့ဆောင် ထားရှိတာလို့  ကိုဗစ်-၁၉ ကာကွယ်ရေးကော်မတီဝင် ကိုမင်းသူရက ပြောပါတယ်။

အဲ့မိသားစုဝင် ၅ ဦးဟာ  သြဂုတ် ၁၆ ရက်နေ့ကတည်းက စစ်တွေကနေ မိုးကုတ်ကို ပြန်လည်ရောက်ရှိလာသူတွေဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရရဲ့ ညွှန်ကြားချက်အရ Home quarantine  ဝင်နေကြသူတွေဖြစ်ပါတယ်။

လတ်တလောစစ်တွေမြို့မှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်မားလာတာကြောင့် စစ်တွေမြို့ကနေ ပြန်ရောက်လာတဲ့ မိသားစုဝင်တွေနဲ့ပတ်သက်ပြီး ဒေသခံတွေက စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။

သူတို့ရဲ့ အာခေါင်နဲ့ နှာခေါင်းတို့ဖတ် ဓာတ်ခွဲနမူနာတွေရယူပြီး သြဂုတ် ၂၄ ရက်နေ့မှာ မန္တလေးကို ပို့ဆောင်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ 

လတ်တလော မိုးကုတ်မြို့အဝင်အထွက်တွေကိုလည်း  Mobile Team ဂိတ်နှစ်ခုထားရှိပြီး ကျန်းမာရေး စစ်ဆေးနေတယ်လို့ ကိုမင်းသူရက ပြောပါတယ်။

"မိုးကုတ်မြို့တွင်း အဝင်အထွက်ကို အရှေ့ပိုင်းပန်းမထပ်မှာ တစ်ဂိတ် ၊ အနောက်ပိုင်းအဝင်ကျပ်ပြင်ဂိတ်(ကျောက်ဖားဂိတ်)မှာတစ်ဂိတ် ဆိုပြီး ဂိတ်နှစ်ခုရှိပါတယ်။ မနက်တစ်ကြိမ် ညတစ်ကြိမ် နှစ်ကြိမ်ခွဲ ပြီးစစ်ဆေးနေတယ်"

ပြီးခဲ့တဲ့မတ်လဆန်းက စတင်ပြီး မိုးကုတ်မြို့မှာ Quarantine စင်တာ ၉ ခုဖွင့်လှစ်ထားခဲ့ရာမှာ အဓိကနေရာကတော့ စံတော်ဝင်စင်တာဖြစ်ပြီး လက်ရှိ  နိုင်ငံခြားက ပြန်လာသူ  ၈၀  လောက်ကို  Quarantine ထားရှိပါတယ်။

သတင်း- ဟန်နာထက်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013