
ပီရူးနိုင်ငံက လုံခြုံရေးမြင့်တဲ့ ထောင် ၅ ခုမှာ စက်တင်ဘာ ၅ ရက်က အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ရဲနဲ့ စစ်ဘက်တပ်ဖွဲ့တွေက နိုင်ငံသားတွေရဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အဆောက်အအုံတွေကို ထိန်းချုပ်နိုင်တယ်လို့ အစိုးရက အမိန့်တရပ် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။
ဇူလိုင်လကုန်မှာ ရာထူးတာဝန်ယူခဲ့တဲ့ သမ္မတ ကီကို ဖူဂျီမိုရီရဲ့ အစိုးရက ၆၀ ရက်ကြာ အစီအမံကို ထုတ်ပြန်ခဲ့ပြီး အကျဉ်းထောင်ထဲကနေ ပြင်ပကမ္ဘာကို စီမံခန့်ခွဲနေတဲ့ ရာဇဝတ်အဖွဲ့အစည်းတွေကို တိုက်ဖျက်ဖို့ ရည်ရွယ်ထားပါတယ်။
အရေးပေါ်အမိန့်အောက်က ထောင် ၅ ခုမှာ ရာဇဝတ်အဖွဲ့အစည်းတွေနဲ့ ဆက်စပ်နေတဲ့ အကျဉ်းသား ၅၀ ရာခိုင်နှုန်းလောက် ရှိတယ်လို့ အစိုးရက ပြောခဲ့ပါတယ်။
အကျဉ်းထောင်တွေ ပတ်လည်က လေပိုင်နက်နဲ့ လျှပ်စစ်သံလိုက်ရောင်စဉ် လုံခြုံရေးအတွက် အရေးယူဆောင်ရွက်ဖို့ စစ်ဘက်နဲ့ ရဲတပ်ဖွဲ့တွေကို ခွင့်ပြုပေးမှာလည်း ဖြစ်ပါတယ်။
တရားဝင်ဒေတာတွေအရ ပီရူးနိုင်ငံမှာ လူသတ်မှုနှုန်းက ပြီးခဲ့တဲ့နှစ်က လူဦးရေ တသိန်းကို ၁၀ ဒသမ ၇ ယောက်အထိ မြင့်တက်လာခဲ့ပြီး ၂၀၂၄ ခုနှစ်မှာတော့ ၁၀ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။
Source: Reuters











