DVB Logo
Home
မြန်မာသတင်း
ထိုင်းဘက် တရားမဝင်ပို့မည့် ရေထွက်ကုန်များ ကော့သောင်းတွင် ပိုင်ရှင်မဲ့ဖမ်းမိ
DVB
·
August 23, 2020
ထိုင်းဘက် တရားမဝင်ပို့မည့် ရေထွက်ကုန်များ ကော့သောင်းတွင် ပိုင်ရှင်မဲ့ဖမ်းမိ
Donate to DVB

တဖက်ထိုင်းနိုင်ငံကို တရားမဝင်တင်ပို့မယ့် ရေထွက်ကုန်ပစ္စည်းတွေကို သြဂုတ် ၂၁ ရက်နေ့က ကော့သောင်းခရိုင်ငါးလုပ်ငန်းဦးစီးဌာနက ပိုင်ရှင်မဲ့သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ၊ ရနှောင်းမြို့ကို တရားမ၀င်သွားရောက်ပို့ဆောင်ဖို့ ရေထွက်ပစ္စည်းတွေကို လှေပေါ်မတင်မီ စုပုံထားတဲ့အချိန်မှာ ဖမ်းဆီးရမိခဲ့တာပါ။

သိမ်းဆည်းရမိတဲ့ ရေထွက်ကုန်တွေကတော့ ဂဏန်းမဲ ၃၅၀ ကီလို (အရှင်)၊ ဂျင်းခရု ကီလို ၈၀၀၊ မိုင်ဒါးအရှင်အကောင် ၁၀၀ တို့​ဖြစ်ပြီး မိုင်ဒါးအကောင် ၁၀၀ ကိုတော့ ပင်လယ်ပြင်အတွင်းပြန်လွတ်ပေးခဲ့ပြီး ကဏန်းမဲနှင့် ဂျင်းခရု​တွေကို လေလံတင်ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။

ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးသန့်ဇင်က “တရားမဝင်ရေထွက်ပစ္စည်းတွေ ဒီလမ်းကနေ နေ့စဉ်သယ်နေတယ်ဆိုတာ ကျနော်တို့သိတယ်။ အဲဒီကိစ္စကို လိုက်လံစုံစမ်းနေတုန်း ရွှေဟင်္သာ ရပ်ကွက်က ကျောက်တံတားဆိပ်မှာ ရေထွက်ကုန်ပစ္စည်းလာထားသွားတယ်လို့ သတင်းရတယ်။ ကျနော်တို့သွားရောက်စစ်ဆေးတော့ ပဲ့ချိတ်ပေါ်တင်ဖို့ လုပ်နေပြီ၊ ပဲ့ ချိတ်သမားကိုမေးတော့လည်း ပိုင်ရှင် မသိဘူးလို့ ဖြေတယ်။ ကျနော်တို့လည်း အဲဒီပစ္စည်းတွေကို ပိုင်ရှင်မဲ့သိမ်းဆည်းလိုက်တယ်”  လို့ ပြောပါတယ်။

ကော့သောင်းကနေ သွားရောက်ရောင်းချတဲ့ ရေထွက်ပစ္စည်းတွေကို ထိုင်းနိုင်ငံ ရနောင်းမြို့ က လုပ်ငန်းရှင်တွေ ဝယ်ယူနေကြပြီး တရားမဝင်သွားရောက်ရောင်းချတဲ့သူတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေက လိုက်လံဖမ်းဆီးနေတယ်လို့ သိရပါတယ်။

လတ်ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013