DVB Logo
Home
မြန်မာသတင်း
Quarantine ထားသူများ ပြင်ပ၌တွေ့ပါက အကြောင်းကြားရန် မောင်တောခရိုင် အုပ်ချုပ်ရေးမှူး တိုက်တွန်း
DVB
·
August 21, 2020
Quarantine ထားသူများ ပြင်ပ၌တွေ့ပါက အကြောင်းကြားရန် မောင်တောခရိုင် အုပ်ချုပ်ရေးမှူး တိုက်တွန်း
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ကနေ မောင်တောခရိုင် ဘူးသီးတောင်မြို့နဲ့ မောင်တောမြို့တွေကို လာရောက်တဲ့သူတွေအား သြဂုတ် ၂၁ ရက်က စတင်ပြီး ကျန်းမာရေးစစ်ဆေးပြီး Home Quarantine ထားရှိသွားမယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ဒီဗွီဘီကို ပြောပါတယ်။

"မောင်တော နဲ့ ဘူးသီးတောင် ကို စစ်တွေက လာသူတွေအားလုံး Home Quarantine ထားပြီး သူတို့ရဲ့ နှာခေါင်းနဲ့အာခေါင်တို့ပတ်တွေကို ရယူပြီး စစ်ဆေးသွားမှာပါ။ အမှန်က Facility Quarantine ထားရမှာပါ။ နေရာအခက်ခဲရှိတယ်။ ဒါကြောင့် သူတို့နေအိမ်တွေမှာပဲ Quarantine ပြီးစောင့်ကြည့်စစ်ဆေးသွားဖို့ ညွှန်ကြားထားပါတယ်။ ပြည်သူတွေအနေနဲ့လည်း Home Quarantine ထားသူတွေ ပြင်ပကို သွားလာတာတွေ့ရင် ကျန်းမာရေးဌာနကိုဖြစ်ဖြစ် အုပ်ချုပ်ရေးမှူးတွေကိုဖြစ်ဖြစ် အကြောင်းကြားပေးဖို့ တိုက်တွန်းပါတယ်" လို့ DVB ကို ပြောကြားပါတယ်။

လက်ရှိ စစ်တွေမြို့မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၈ ဦးအထိ ရှိလာပြီးနောက် မောင်တောခရိုင်အတွင်း စစ်တွေမြို့ကနေ လာရောက်သူတွေအားလုံးကို အခုလို ရောဂါပိုးစစ်ဆေးတာတွေ ပြုလုပ်ပြီး Home Quarantine ထားရှိသွားဖို့ မောင်တောခရိုင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်တားဆီးရေးကော်မတီက အမိန့်ထုတ်ပြန်ထားတာပါ။

"ကျနော်တို့က စစ်တွေကပြန်လာသူတွေအားလုံး စာရင်းကို မြို့ဝင်ဂိတ်ရယ်။ အင်းဒင် စခန်းတွေမှာ စာရင်းရယူထားတယ်။ သူတို့ရဲ နှာခေါင်းနဲ့ အာခေါင်တို့ပတ်တွေကို မနက်ဖြန်မှ စုပြီး ရယူသွားမယ်" လို့ မောင်တောခရိုင်ကျန်းမာရေးဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အခုအခါ မောင်တောမြို့တွင်း ဝင်ရောက်လာတဲ့ ကားကြီး၊ ကားငယ်၊ သုံးဘီးဆိုက်ကယ်၊ ဆိုက်ကယ်တွေနဲ့ ဝင်ရောက်လာသူတွေကို ကိုယ်အပူချိန်တိုင်းတာတွေ ပြုလုပ်နေသလို  Mask မတပ်ဘဲလာသူတွေကို Mask တွေ အခမဲ့ပေးဝေနေပါတယ်။

လင်းလက် 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013