DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုသဘောတူစာချုပ် အပိုင်းသုံးကို သြဂုတ် ၂၁ ရက်နေ့ ချုပ်ဆိုနိုင်မည်ဟု UPDJC ဒုဥက္ကဋ္ဌပြော
DVB
·
August 20, 2020
ပြည်ထောင်စုသဘောတူစာချုပ် အပိုင်းသုံးကို သြဂုတ် ၂၁ ရက်နေ့ ချုပ်ဆိုနိုင်မည်ဟု UPDJC ဒုဥက္ကဋ္ဌပြော
1 / 5
Donate to DVB

ပြည်ထောင်စုသဘောတူစာချုပ်အပိုင်းသုံးကို သြဂုတ် ၂၁ ရက်နေ့မနက်ပိုင်းမှာ ချုပ်ဆိုနိုင်မယ်လို့ UPDJC ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မုန်းဆာခေါင်းက ပြောပါတယ်။

ပြည်ထောင်စုသဘောတူစာချုပ် အပိုင်းသုံးကိုချုပ်ဆိုနိုင်ဖို့  ၂၁ ရာစုပင်လုံစတုတ္ထအကြိမ် အစည်းအဝေးကို သြဂုတ် ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ နေပြည်တော်မှာ ကျင်းပနေတာပါ။

ပြည်ထောင်စုသဘောတူစာချုပ်အပိုင်းသုံးကို ချုပ်ဆိုနိုင်ဖို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ပြီး ဒီနေ့မနက်ပိုင်း စတင်ဆွေးနွေးနေပါတယ်။

ဒီနေ့ ၂၀ ကြိမ်မြောက် UPDJC အစည်းအဝေးရဲ့ရည်ရွယ်ချက်ကတော့ ၁၉ ကြိမ်မြောက် အစည်းဝေးမှာ သဘောတူညီထားတာတွေကို အခုကျင်းပနေတဲ့ ၂၁ ရာစုပင်လုံ စတုတ္ထ အစည်းအဝေးမှာ အတည်ပြုနိုင်ဖို့ ပြည်ထောင်စုသဘောတူစာချုပ်ချုပ်ဆိုဖို့ UPDJC အတွင်းရေးမှူးအဖွဲ့ ကတင်ပြလိုက်တဲ့ အချက်တွေကို အတည်ပြုဖို့ဖြစ်ပါတယ်။ 

အပိုင်းတစ်မှာ NCA ကို အကောင်အထည်ဖော်ဖို့ဖြစ်ပြီး အပိုင်းနှစ်မှာ ၂၀၂၀ အလွန် လုပ်ငန်းစဉ်တွေမှာ အဆင့်လိုက်အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်။ အပိုင်း ၃ မှာတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်ရေးဆိုင်ရာ အချက်တွေဖြစ်ပါတယ်။ 

ဒီအချက်တွေကို မနက်ဖြန် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ပြည်ထောင်စုသဘောတူ စာချုပ်အပိုင်း သုံးအဖြစ် ချုပ်ဆိုနိုင်ဖို့ ဒီနေ့အစည်းအဝေးမှာ ညှိနှိုင်းဆွေးနွေးသွားမယ်လို့ ဒေါက်တာဆလိုင်းလျန်မုန်းဆာခေါင်းက ပြောပါတယ်။

ပြည်ထောင်စုသဘောတူစာချုပ် အပိုင်းသုံးကို ချုပ်ဆိုနိုင်ဖို့ အချက်ကိုးချက်ကို ၁၉ ကြိမ်မြောက် UPDJC အစည်းအဝေးမှာ သဘောတူထားပြီး ဖက်ဒရယ်အခြေခံမူငါးချက်ထဲက လေးချက်ကို သဘောတူချုပ်ဆိုနိုင်တော့မှာပါ။ 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ ပြည်ထောင်စုသဘောတူစာချုပ်အပိုင်းသုံးဟာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းတွေကို ဖြေရှင်းနိုင်မယ့် လမ်းကြောင်းဖြစ်တယ်လို့ ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013