DVB Logo
Home
မြန်မာသတင်း
ပြည်နယ်များတွင် ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး သဘောတူညီမှု မရသေး 
DVB
·
August 17, 2020
ပြည်နယ်များတွင် ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး သဘောတူညီမှု မရသေး 
Donate to DVB

ပြည်နယ်တွေမှာ ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအတွက် စတုထ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံမှာ ဆွေးနွေးဖို့ သဘောတူညီချက်မရခဲ့ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

စတုထ္ထအကြိမ် ၂၁ ရာစုပင်လုံအကြို ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC အစည်းအဝေးကို ဒီနေ့ သြဂုတ် ၁၇ရက်နေ့က နေပြည်တော် MICC 1မှာ ကျင်းပခဲ့ပါတယ်။

အစည်းအဝေးမှာ ၂၁ ရာစုပင်လုံအတွက် သဘောတူညီချက် ၉ ချက်ရရှိခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကပြောပါတယ်။

တိုင်းရင်းသားတွေလိုလားနေတဲ့ ပြည်နယ်တွေမှာ ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေရေး ဆွဲရေးကိုတော့ ညှိနှိုင်းဆွေးနွေးဖို့ အဖြေမရခဲ့ဘူးလို့ ဦးဇော်ဌေးက အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

ဒီနေ့ဆွေးနွေးပွဲအတွင်း ပြည်နယ်တွေမှာ ကိုယ်ပိုင်အခြေခံဥပဒေရေးဆွဲရေးအတွက် အပစ်ရပ်လက်နက်ကိုင်အဖွဲ့တွေကဆွေး နွေးခဲ့ကြပေမယ့် ရလဒ်မရခဲ့ပါဘူး။

လာမယ့်အစည်းအဝေးတွေမှာ ဒီအချက်တွေကို မဖြစ်မနေ ဆလက်ဆွေးနွေးမယ်လို့ UPDJC ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက အစည်းအဝေးမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း ပြောခဲ့တဲ့ အဖွင့်မိန့်ခွန်းနဲ့ပတ်သက်ပြီးလည်း အပစ်ရပ်အဖွဲ့တွေအကြားမှာ  အငြင်းပွားစရာတချို့ဖြစ်ခဲ့ပါတယ်။

ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းပြောခဲ့တဲ့မိန့်ခွန်းဟာ အပစ်ရပ်အဖွဲ့တွေအားလုံးကို ကိုယ်စားမပြုဘဲ အသုံးအနှုံးက  အငြင်းပွားစရာဖြစ်နေတယ်လို့ ညနေပိုင်းသတင်းစာရှင်းလင်းပွဲမှာ အပစ်ရပ်အဖွဲ့တွေရဲ့ကိုယ်စားလှယ် နိုင်အောင်မငေးကပြောပါတယ်။ 

ဒီနေ့ကျင်းပတဲ့ UPDJC အစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ပြည်ထောင်စုအရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းဆောင်ရွက်သူတွေဟာ ဘုံအကျိုးစီးပွား ကိုကြည့်ပြီး ညှိနှိုင်းဆောင်ရွက်ကြဖို့ တိုက်တွန်းပါတယ်။

ဒီနေ့ကျင်းပတဲ့အစည်းအဝေးမှာ လာမယ့် ၂၁ရာစုပင်လုံအစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးပြီး သဘောတူလက်မှတ်ထိုးမယ့် ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း ၃ ပါ အချက်အလက်တွေကို ဆွေးနွေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013