DVB Logo
Home
နိုင်ငံတကာ
ပီရူးမြောက်ပိုင်း၌ မြေပြိုမှုကြောင့် လူအများ ဘေးလွတ်ရာ ရွှေ့ပြောင်း
DVB
·
April 18, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ပီရူးနိုင်ငံမြောက်ပိုင်းမှာ မြေပြိုမှုကြောင့် နေအိမ်တွေနဲ့ စိုက်ပျိုးခင်းတွေဟာ မြေလွှာရွေ့လျားမှု ဖြစ်ပေါ်ကာ ထိခိုက်ပျက်စီးနိုင်တဲ့ အန္တရာယ်ရှိနေတာကြောင့် ဒေသခံ ၁၇၂ ယောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ အာဏာပိုင်တွေက ဧပြီ ၁၇ ရက်မှာ ပြောပါတယ်။ 

အယ်လ်ဒိုရာဒိုပြည်နယ်ထဲက ရွာငယ်လေးတရွာရဲ့ အထက်ပိုင်းမှာ မြေစိုင်မြေခဲတွေ စတင်ရွေ့လျား ခဲ့တာဖြစ်ပြီး မူကြိုကျောင်းတကျောင်းနဲ့ နေအိမ်အတော်များများ နေထိုင်လို့ မရတော့အောင် ပျက်စီးသွားသလို၊ မြေပြိုမှုကလည်း မရပ်သေးတာကြောင့် လူထုတရပ်လုံးအတွက် အန္တရာယ် ရှိနေဆဲပဲလို့ ပြည်နယ်အစိုးရက ဧပြီ ၁၆ ရက်မှာ ထုတ်ပြန်ပြောပါတယ်။ 

မိသားစု ၅၂ စုက လူဦးရေ ၁၇၂ ယောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားပြီး၊ သူတို့ကို ဆန်ဟိုဆေး ဒီဆီဆာမြို့ပေါ်မှာရှိတဲ့ အားကစားရုံ တခုမှာ ယာယီနေရာချထားပေးတယ်လို့ ဒေသန္တရ အစိုးရက ပြောပါတယ်။ 

ဒေသခံ တိုးမတ်စ်က သူ ဒီမှာနေလာတာ ၃၇ နှစ်ရှိပြီဖြစ်ပေမဲ့ အခုတော့ တညတည်းနဲ့ ထွက်ခွာ ရတာကို  နားမလည်နိုင်ဘူးလို့ ပြောပါတယ်။

သူတို့ဟာ အစားအသောက်မရှိဘဲ လမ်းဘေးမှာ အိပ်နေရတာ ၂ ရက် ရှိနေပြီ ဖြစ်ပြီး အစိုးရအနေနဲ့ အမြန်ဆုံးကူညီပေးဖို့ တောင်းဆိုနေကြပါတယ်။   

ပြည်နယ်မြို့တော်ဝန် ဖရန်စစ္စကို ဆာတာလာယာကလည်း "နေစရာမရှိတော့တဲ့သူ ၁၀၀ ကျော် ရှိနေပြီး ကျောင်းတွေပါ ပျက်စီးသွားလို့ ကလေးတွေရဲ့ ပညာရေးပါ ထိခိုက်နေပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရဆီက အကူအညီရဖို့က အလွန်ကို အရေးကြီးနေပါပြီ" လို့ ပြောပါတယ်။

အစောပိုင်းတုန်းကတော့ ပြတ်ရွေ့ကြောကြောင့်လို့ ယူဆခဲ့ကြပေမယ့် ပီရူး ဘူမိရူပဗေဒဌာန အကြီးအကဲ ဟာနန်ဒို တာဗီရာကတော့ ဒါကို ငြင်းဆိုပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေဆီလွှာတွေ ရေဝပြီး ကမ္ဘာ့ဆွဲအားကြောင့် လျောကျ လာတာ လို့ သူက ရှင်းပြပါတယ်။ 

အရပ်ဘက်ကာကွယ်ရေးဌာန ဒုတိယမန်နေဂျာ ဒီယေဂို ဂါစီယာက"မိုးဒဏ်ကြောင့် မြေတိုက်စားပြီး မြေအောက်လှိုက်စားမှုတွေ ဖြစ်ခဲ့တယ်၊ အဲဒီနောက်မှာ အခုလို မြေထုအလုံးအရင်းနဲ့ ပြိုကျတဲ့ အကြီးစား အရေးပေါ်အခြေအနေ ဖြစ်လာတာပါ" လို့ ဒေသခံရုပ်သံလိုင်းတခုကို အတည်ပြု ပြောပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013