DVB Logo
Home
မြန်မာသတင်း
ပဲခူးတိုင်းတွင် ဖွင့်လှစ်ခွင့်မရသေးသည့် စာသင်ကျောင်း ၁၀၀ ဝန်းကျင်ရှိ
DVB
·
August 19, 2020
ပဲခူးတိုင်းတွင် ဖွင့်လှစ်ခွင့်မရသေးသည့် စာသင်ကျောင်း ၁၀၀ ဝန်းကျင်ရှိ
Donate to DVB

ပဲခူးတိုင်းမှာ ဖွင့်လှစ်ခွင့်မရရှိသေးတဲ့စာသင်ကျောင်းပေါင်း ၁၀၀ ဝန်းကျင်ရှိပြီး အဲဒီကျောင်းတွေ ပြန်ဖွင့်ခွင့်ရဖို့အတွက် မကြာခင်မှာ  အတည်ပြုချက် ရရှိတော့မှာဖြစ်တယ်လို့ ပဲခူးတိုင်းပညာရေးမှူး ဦးစန်းအောင်က ပြောပါတယ်။

ပဲခူးတိုင်းမှာ အခြေခံပညာအထက်တန်းကျောင်းပေါင်း ၅၁၂ ကျောင်းနဲ့ ကိုယ်ပိုင် အထက်တန်းကျောင်း ၁၀၁ ကျောင်း စုစုပေါင်း ၆၁၃ ကျောင်းရှိကာ လက်ရှိအချိန်အထိ အခြေခံ အထက်တန်းကျောင်း ၄၃၂ ကျောင်းနဲ့ ကိုယ်ပိုင်အထက်တန်းကျောင်း ၇၇ ကျောင်းကို ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။

ကျန်နေတဲ့ ကျောင်းတွေအနေနဲ့လည်း ကျန်းမာရေးနဲ့ပတ်သက်တဲ့ လိုအပ်ချက်တွေကို A အဆင့်ဝင်အောင်ဖြည့်ဆည်းထားပြီးဖြစ်ကာ ကိုဗစ် ထိန်းချုပ်ရေးကော်မတီနဲ့ ကျန်းမာရေးဝန်ကြီး ဌာနရဲ့ အတည်ပြုချက်ရရင်ဖွင့်ခွင့်ရတော့မှာဖြစ်သလို လက်ရှိ ဖွင့်ပြီးသားကျောင်းတွေကိုလည်း ရေရှည်ဆက်လက်ဖွင့်နိုင်ဖို့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး အမြဲကြပ်မတ်လုပ်ဆောင်ပေးနေတယ်လို့ ပဲခူးတိုင်း ပညာရေးမှူး ဦးစန်းအောင်က ပြောပါတယ်။

အခု ဒီ အထက်တန်းကျောင်းတွေအားလုံး ဖွင့်လှစ်ပြီးသွားရင်တော့ အလယ်တန်းကျောင်း တွေကိုလည်း မကြာခင် ဖွင့်လှစ်သွားတော့မှာဖြစ်ပါတယ်။

အလယ်တန်းအဆင့်ကို ဖွင့်လှစ်နိုင်ဖို့အတွက် အခြေခံအထက်တန်းအဆင့်က အတွေ့အကြုံတွေကိုယူပြီး ကျောင်းတကျောင်းခြင်းစီရဲ့ စာသင်ခန်းနဲ့ စာသင်ခုံ အရေအတွက်၊ ဆရာ ဦးရေအပေါ်မူတည်ပြီး  ကျောင်းတက်ချိန်တွေ စီစဉ်ထားပြီးပြီလို့ ဆိုပါတယ်။

အဲဒီလို အလယ်တန်းကျောင်းတွေဖွင့်နိုင်ဖို့အတွက် လက်ရှိ ဖွင့်လှစ်ထားတဲ့ အထက်တန်း ကျောင်းတွေက အတွေ့အကြုံရှိပြီးသားဖြစ်တဲ့ ကျောင်းအုပ်ဆရာ/ဆရာမကြီးတွေကို သူတို့ရဲ့ နယ်မြေမှာ ဦးဆောင်စေပြီး အလယ်တန်းကျောင်း၊ အလယ်တန်းခွဲတွေနဲ့ မူလွန်ကျောင်းက ကျောင်းအုပ်တွေအပြင် မြို့နယ်ပညာရေးအဖွဲ့တွေပါ ပူးပေါင်းပြီး ကျန်းမာရေးဌာနက လာစစ်တဲ့ အခါ အဆင်သင့်ဖြစ်စေဖို့အတွက် ကျောင်းတွေမှာ ရှေ့ပြေးစစ်ဆေးမှုတွေ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။

သတင်း - အောင်စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013