DVB Logo
Home
မြန်မာသတင်း
နာဂဒေသတွင် အသက်ရှူကြပ်သည့် ရောဂါတစ်မျိုးဖြင့် ကျွဲအကောင်ရေ ရာချီ သေဆုံး
DVB
·
August 18, 2020
နာဂဒေသတွင် အသက်ရှူကြပ်သည့် ရောဂါတစ်မျိုးဖြင့် ကျွဲအကောင်ရေ ရာချီ သေဆုံး
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်မှာ အခုနှစ် မတ်လက စတင်ကာ ဒီနေ့အထိ ၆ လလောက်ကာလအတွင်း ကျွဲအကောင်ရေ ၁၇၀ ဝန်းကျင်လောက် အသက်ရှုကြပ်တဲ့ ရောဂါတစ်မျိုးကြောင့် သေဆုံးသွားတယ်လို့ ဒေသဦးစီးအဖွဲ့ဝင် ဒေသခံ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

လေရှီးမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဒေသဦးစီးအဖွဲ့ဝင် ဦးရိထင်က “ဖြစ်တာကတော့ မတ်လကတည်းက ဖြစ်နေတာပဲ။ အခုထိလည်းဖြစ်နေတုန်းပါ။ ပထမစဖြစ်တော့ မြို့နယ် တိမွေးကျန်းဌာနကို ဆက်သွယ်တော့ ကွင်းဆင်းစစ်ဆေးတယ်။ ရောဂါနဲ့ပတ်သက်လို့ ဘာဖြစ်တာလဲဆိုတာ စစ်ဆေးဖို့ ဒေသမှာ ဓာတ်ခွဲခန်းမရှိဘူး။ ရှိတဲ့ဆီပို့ထားတယ်ပြောတယ်။ အခုထိ အဖြေမသိရသေးဘူး။ လည်ချောင်းကွဲရောဂါလို့တော့ ယူဆတယ်။ လောလောဆယ်တော့ တိုင်းအစိုးရနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်နေပါတယ်။”လို့ ပြောပါတယ်။

လက်ရှိအချိန်ထိတော့ ကျွဲသေဆုံးမှုရှိနေဆဲဖြစ်ပေမယ့် လူနဲ့ တခြားတိရစ္ဆာန်တွေကို ကူးစက်တာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။

ခုလို ကျွဲတွေသေဆုံးရတာဟာ ဒေသခံတွေအတွက် ဆုံးရှုံးမှု ကြီးမားတဲ့အတွက် အစိုးရအနေနဲ့ အမြန်ဆုံး ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ပေးစေချင်တယ်လို့လည်း လွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။

လတ်တလောမှာ ကျွဲသေဆုံးမှုတွေက လေရှီးမြို့နယ်အတွင်း ကုံကိုင်လုံနဲ့  ဆွမ္မရာမြို့တို့မှာ အဓိကဖြစ်နေပြီး ကူကီး၊ ဖွန်သရက် စတဲ့အုပ်စုတွေမှာလည်း သေဆုံးမှုတွေရှိတယ်လို့ဆိုပါတယ်။

ကျွဲတွေရောဂါနဲ့ သေဆုံးရတာဟာ နော်ဝင်ချောင်းရိုးတလျှောက်မှာ ဖြစ်နေပြီး ရေကနေတဆင့် ရောဂါ ကူးစက်တာမျိုးလည်း ဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။  

ကျွဲတွေဆုံးရှုံးသွားတဲ့ ဒေသခံ မွေးမြူရေးလုပ်ကိုင်သူတွေအတွက် နိုင်ငံတော်ရဲ့ ထောက်ပံ့ကြေးရရှိဖို့ တင်ပြထားတယ်လို့သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013