DVB Logo
Home
နိုင်ငံတကာ
“ဒေါ်နယ်ထရမ့်ပ်” အမည်ရ ကျွဲကလေး အသက်ချမ်းသာခွင့်ရ
DVB
·
May 28, 2026
Photo: ANI
Photo: ANI
Donate to DVB

ဒေါ်နယ်ထရမ့်ပ်လို့ နာမည်ပြောင်ရထားတဲ့ ဘင်္ဂလားဒေ့ရှ်က ကျွဲကလေးကို မေ ၂၈ ရက်  သတ်တော့မဲ့အချိန်မှာ အစိုးရက တားဆီးခဲ့လို့ အသက်ချမ်းသာရာ ရခဲ့ပါတယ်။

၇၀၀ ကီလိုဂရမ် (၁,၅၄၃ ပေါင်) ရှိတဲ့ ဒီကျွဲကလေးဟာ အသားအရေ၊ ဆံပင်နဲ့ မျက်လုံးအရောင် သတ်မှတ်ပေးတဲ့ မယ်လနင်ဓာတ်ချို့တဲ့တဲ့ အယ်လ်ဘီနိုရောဂါ ခံစားနေရတာပါ။

ရှားပါးတဲ့ ရွှေရောင်ဆံပင်ရှိပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ဆင်တူတဲ့အတွက် အရင်ပိုင်ရှင်ဖြစ်သူ ဇီယာအူဒင် မရစ်ဒါက ဒီနာမည်ကို ပေးခဲ့တာဖြစ်ပါတယ်။

အွန်လိုင်းမှာ ဗီဒီယိုတွေ ပျံ့နှံ့သွားပြီးနောက် ကျွဲကလေးကို လာကြည့်သူတွေ များပြားခဲ့ပါတယ်။

ပိုင်ရှင်က အိဒ်ပွဲတော်အတွက် သားသတ်သမားဆီ ရောင်းချခဲ့ပေမဲ့ ပြည်ထဲရေးဝန်ကြီး ဆာလာဟူဒင် အာမက်က မေ ၂၇ ရက်မှာ ကယ်တင်ဖို့ ညွှန်ကြားခဲ့တာပါ။

ဝန်ကြီးဌာန အရာရှိတယောက်က“လုံခြုံရေးအခြေအနေနဲ့ လူတွေရဲ့ စိတ်ဝင်စားမှု အလွန်အမင်း မြင့်တက်နေတာကြောင့် ဒီကျွဲကလေးကို အသက်ချမ်းသာပေးဖို့ နောက်ဆုံးအချိန်ကျမှ ဆုံးဖြတ်ခဲ့တာပါ” လို့ ပြောပါတယ်။

အခုတော့ ဝယ်ယူသူကို ငွေပြန်အမ်းပေးခဲ့ပြီး ကျွဲကလေးကို ဒါကာမြို့ တိရစ္ဆာန်ရုံကို ပို့ဆောင်ထားပါတယ်။

တိရစ္ဆာန်ရုံမှူး အတီကာ ရာမန်က“ဒီကျွဲလေးအတွက် သီးသန့်နေရာတခု သတ်မှတ်ပေးထားပြီး သီတင်းနှစ်ပတ် စောင့်ကြည့်သွားမှာပါ” လို့ ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013