DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်၌ ၁၃ ပါတီနှင့် ကိုယ်စားလှယ်လောင်း ၂၇၂ ဦး ရွေးကောက်ပွဲဝင်ပြိုင်မည် 
DVB
·
August 17, 2020
ကယားပြည်နယ်၌ ၁၃ ပါတီနှင့် ကိုယ်စားလှယ်လောင်း ၂၇၂ ဦး ရွေးကောက်ပွဲဝင်ပြိုင်မည် 
1 / 2
Donate to DVB

ကယားပြည်နယ်အတွင်း ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ၂၀၂၀ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၂၇၂ ဦးရှိပြီး ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ ၁၃ ပါတီရှိတယ်လို့ ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးကျော်ဆန်း၀င်းက ပြောပါတယ်။

“၂၇၂ ယောက်က ကိုယ်စားလှယ်လောင်း၊ ပါတီက ၁၃ ပါတီ၊ တသီးပုဂ္ဂလပါရင်တော့ ၁၄ ပေါ့နော်။ တသီးပုဂ္ဂလက ပြည်သူမှာ ၃ နေရာ၊ အမျိုးသားမှာ ၄ နေရာ၊ ပြည်နယ်မှာ ၆ နေရာ။”

အဆိုပါကိုယ်စားလှယ်လောင်းတွေကို ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ ဒီကနေ့ ဩဂုတ် ၁၇ ရက်နေ့ နောက်ဆုံးထား စိစစ်နေပြီး မနေ့ကအထိ စိစစ်ပြီးသလောက် ပယ်ဖျက်ထားတဲ့ ကိုယ်စားလှယ်လောင်း မရှိသေးဘူးလို့ ပြောပါတယ်။

ကယားပြည်နယ်မှာ မြို့နယ် ၇ မြို့နယ်ရှိပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့နေရာ ၃၄ နေရာရှိပါတယ်။ 

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက်  ကယားပြည်နယ် တပြည်နယ်လုံးမှာ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ မဲဆန္ဒပေးပိုင်ခွင့်ရှိသူပေါင်း ၂၀၄,၆၇၇ ဦး ရှိတယ်လို့ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ပထမအကြိမ် ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013