DVB Logo
Home
မြန်မာသတင်း
စစ်တွေမြို့၌ သတင်းထောက် ၁ ဦးအပါအဝင် လူပေါင်း ၄၆ ဦးကို Quarantine ထားရှိ 
DVB
·
August 17, 2020
စစ်တွေမြို့၌ သတင်းထောက် ၁ ဦးအပါအဝင် လူပေါင်း ၄၆ ဦးကို Quarantine ထားရှိ 
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ  ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တဲ့ လူနာအမှတ် ၃၇၅ နဲ့ ထိတွေခဲ့သူ ၄၆ ယောက်ကို  Quarantine ထားရှိပြီး သတင်းထောက် ၁ ယောက်လည်း ပါဝင်တယ်လို့ သိရပါတယ်။

Facility Quarantine ထားရှိသူ ၄၆ ယောက်မှာ CB ဘဏ်ဝန်ထမ်း ၂၇ ယောက်နဲ့ လူနာအမှတ် ၃၇၅ နေထိုင်တဲ့နေအိမ်မှ ၁၉ ယောက်တို့ဖြစ်ပြီး  ဒီအထဲမှာ လူနာရဲ့ နေအိမ်မှာ အိမ်ငှားနေထိုင်နေတဲ့ ရခိုင်ပြည်နယ် အခြေစိုက်သတင်းထောက် ၁ ဦးပါဝင်နေတာ ဖြစ်ပါတယ်။

လူနာရဲ့ဖခင် ဦးဖြူမောင်သိန်းက “ကျနော်တို့ အိမ်မှာ အိမ်ငှားနေတဲ့ သတင်းထောက် ၁ ဦးအပါအဝင် လူ ၁၉ ဦးကို Home Quarantine ထားရှိဖို့ပြောထားတယ်။ ပထမတော့ တိုင်ရင်း ဆေးရုံမှာထားမယ်လို့ ပြောတယ်။ ကျနော်တို့က မြို့နယ်အုပ်ချုပ်ရေးမှူးကို ပြောပြထားတယ်။ လူများတော့ စားသောက်ရေး အခက်အခဲ ဖြစ်မယ်။ မိမိနေအိမ်မှာဘဲ့ Facility Quarantine နေထိုင်ဖို့ပြောထားတယ်”လို့​ ပြောပါတယ်။

စစ်တွေမြို့နေ အသက် ၂၆ နှစ်အရွယ်  CB-ဘဏ်ဝန်ထမ်းအမျိုးသမီးဖြစ်တဲ့   လူနာအမှတ် ၃၇၅ ဟာ ပြည်ပကို ခရီးသွားခဲ့တာ မရှိပေမဲ့ ပြည်တွင်းမှာ ကျောက်ဖြူမြို့ နဲ့ ပုဏ္ဏားကျွန်းမြို့တွေဥို ခရီးသွား ရာဇဝင်ရှိခဲ့တဲ့အတွက် သူနဲ့ ထိတွေ့ခဲ့သူတွေကို လိုက်လံစုံစမ်းနေတယ်လို့လည်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က ပြောပါတယ်။

“သူမက ဇူလိုင် ၃၁ ရက်နေ့မှာ ကျောက်ဖြူကိုသွားတယ်။ သြဂုတ် ၂ ရက်နေ့မှာ စစ်တွေကို ပြန်လာတယ်။ ၃ရက်နေ့မှာ ပုဏ္ဏားကျွန်းကို ဘုရားဖူးသွားတယ်။ ၄ရက်နေ့မှာ အလုပ်ပြန်ဆင်းတယ်။ သူက CB-ဘဏ်ဝန်းထမ်းဖြစ်တယ်။ ဘဏ်ကဝန်ထမ်းအားလုံးရဲ့ နှာခေါင်း နဲ့ အာခေါင်တို့ဖတ်ယူပြီး Facility Quarantine ထားထားတယ်။ ဘဏ်ပိတ်ခိုင်းထားတယ်။ သူအိမ်မှာ လူ ၁၉ ဦးရှိတယ်။သူတို့ကိုလည်း  Facility Quarantine ထားပြီး သူတို့ကိုစစ်ဆေးသွားမယ်။ နောက် ကျောက်ဖြူနဲ့ ပုဏ္ဏားကျွန်းထိတွေခဲ့သူတွေကိုလည်း စုံစမ်းနေတယ်။"လို့ ဒေါက်တာ စိုးဝင်းပိုင်က  ပြောပါတယ်။

လူနာအမှတ် ၃၅၇ မှာ သြဂုတ် ၁၂ ရက်နေ့မှစပြီး ဖျားခြင်း၊ နှာစေးခြင်း၊ အနံ့မရတဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာတဲ့အတွက် ဆေးခန်းသွားပြရာမှာ ကိုဗစ်ရောဂါလက္ခဏာတွေ တွေ့ရှိရတဲ့အတွက် သူ့ကို စစ်တွေဆေးရုံမှာ သံသယလူနာအဖြစ်  Facility Quarantine ထားရှိပြီး သူ့ရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်တွေကို ဓာတ်ခွဲစစ်ဆေးဖို့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပိုဆောင်ခဲ့ရာ သြဂုတ် ၁၆ ရက်က ရောဂါပိုးတွေ့ရှိကြောင်း သိရှိခဲ့ရတာ ဖြစ်ပါတယ်။

လူနာအမှတ် ၃၇၅ ဟာ ရခိုင်ပြည်နယ်မှာ ပြည်ပကိုခရီးသွားရာဇဝင်မရှိဘဲ ဒုတိယမြောက်ကူးစက်ခံရသူလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ သံတွဲမှာ ၁ ဦး ၊ တောင်ကုတ်မှာ ၁ ဦး၊ စစ်တွေမှာ ၁ ဦး ၊ ဘူးသီးတောင်မှာ ၄ ဦး၊ မောင်တောမှာ ၈ ဦးနဲ့  ကျောက်တော်မှာ ၁ ဦး စုစုပေါင်း ၁၆ ဦးရှိခဲ့ပြီး အားလုံးရောဂါကင်းစင် နေကောင်းမွန်လို့  ဆေးရုံမှ ဆင်းသွားကြပြီ ဖြစ်ပါတယ်။

သတင်း - လင်းလက်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013