DVB Logo
Home
မြန်မာသတင်း
တစ်ရက်အတွင်း ကြည့်ရှုနားဆင်သူ သိန်းချီရှိနေသည့် အေးမြဖြူသီချင်းသစ်-“နော်”(ရုပ်သံ)
DVB
·
August 17, 2020
တစ်ရက်အတွင်း ကြည့်ရှုနားဆင်သူ သိန်းချီရှိနေသည့် အေးမြဖြူသီချင်းသစ်-“နော်”(ရုပ်သံ)
Donate to DVB

       ဆယ်ကျော်သက် အဆိုတော် ကောင်မလေး အေးမြဖြူသီဆိုထားတဲ့ မြူးမြူးကြွ ကြွ အချစ်သီချင်းသစ်တပုဒ်ဟာ ထွက်ရှိပြီး တရက်အတွင်းမှာပဲ ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်ပေါ်မှာ ဝင်ရောက်ကြည့်ရှုနားဆင်ကြတဲ့ အကြိမ်ရေ သိန်းနဲ့ချီ ရှိနေခဲ့ပါတယ်။

    “နော်”လို့ အမည်ပေးထားခဲ့တဲ့ ဒီသီချင်းကိုတော့ တေးရေး မှူးသဲထက်ဇော်က ရေး စပ်ပေးထားခဲ့တာဖြစ်ပြီး သပ်ရပ်လှပတဲ့ အေးမြဖြူရဲ့ သီဆိုဟန်နဲ့ ပရိသတ်တွေက ခံစား နားဆင်ကြရမှာ ဖြစ်ပါတယ်။

       “ငါ့ဘဝရဲ့ ပဲ့ကိုင်ရှင်လေးပါ… ငါ့ဘဝရဲ့ ဖြစ်တည်မှုလေးပါ အချစ်ရေ... I love you … I need you… I’m with you… Never let me go… away… away… away”

    အသက် ၉ နှစ်အရွယ်လောက်ကတည်းက Starlet’s Sky – ကြယ်ကလေးတွေရဲ့ ဂီတမိုးကောင်းကင်သီချင်းဆိုပြိုင်ပွဲမှတဆင့် Myanmar Idol ရဲ့ စင်မြင့်ဆီကို တက်လှမ်း လာခဲ့တဲ့ အေးမြဖြူဟာ ပြိုင်ပွဲဝင်ချိန်မှာ အသက် ၁၆ နှစ်အရွယ်ရှိနေပြီဖြစ်ကာ အသက် အငယ်ဆုံးပြိုင်ပွဲဝင် ဖြစ်လာခဲ့တာပါ။

    အေးမြဖြူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ Myanmar Idol Season 4 မှာတော့ တနိုင်ငံ လုံးက ရွက်ပုန်းသီး မျက်နှာသစ်လူငယ်တွေ အများအပြား ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ သီတင်းပတ် တပတ်ပြီးတပတ် အဆင့်ဆင့် အစွမ်းပြယှဉ်ပြိုင် မှုတွေနဲ့ နောက်ဆုံး Grand Final အဆင့်ထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

       “အတ္တကြီးခွင့်လေးတော့ ပေးဦးနော်… မင်းကလွဲပြီး ဘယ်သူမှ အရေးမကြီး ဘူးနော်… မင်းလေးတို့ကို သဲသဲလှုပ်ပြီး ချစ်နော်… နော်… မင်းအတွက်လိုအပ်တဲ့ နံရိုး လေး တချောင်းသာ… အသွေးအသားနဲ့ တည်ဆောက်ထားတဲ့… သစ္စာတရားကြောင့် သာ… ဘယ်သူခွဲခွဲ ဘယ်လိုဖြတ်ဖြတ်… မပြတ်ဘူး..နော်… I love you… I need you… I’m with you… Never let me go away… away… away”

မြူးကြွတဲ့ ဆန်းသစ်သီဆိုဟန်နဲ့ ဖန်တီးပုံဖော်ထားတဲ့ “နော်” သီချင်းရုပ်သံထဲမှာ တော့ အေးမြဖြူနဲ့အတူ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ Project K အဖွဲ့က ရဲရင့်သော် တို့က စုံတွဲအနေနဲ့ ပါဝင်သရုပ်ဆောင်ထားခဲ့ကြတာပါ။

V7 Entertainment က တင်ဆက်လိုက်တဲ့ ဒီသီချင်းရုပ်သံကိုတော့ တရက်အတွင်း ဝင်ရောက်ကြည့်ရှုနားဆင်ကြတဲ့ အကြိမ်ရေ ၆ သိန်းနီးပါး ရှိနေခဲ့တာ ဖြစ်ပါတယ်။

“ဆန္ဒနဲ့ဘဝက ထပ်တူကျဖို့တော့… တယောက်နဲ့တယောက် လက်ချင်းမဖြုတ်… တွဲထားနော်… နင်ကငါ့အတွက် ငါဟာနင့်အတွက်… လက်တွဲဖော်..နော်… မင်းအတွက် လိုအပ်တဲ့ နံရိုးလေးတချောင်းသာ… အသွေးအသားနဲ့ တည်ဆောက်ထားတဲ့… သစ္စာ တရားကြောင့်သာ… ဘယ်သူခွဲခွဲ ဘယ်လိုဖြတ်ဖြတ်… မပြတ်ဘူး..နော်… I love you… I need you… I’m with you… Never let me go… away… away… away”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013