DVB Logo
Home
မြန်မာသတင်း
အမ်းမြို့နယ်၌ တပ်မတော်ကဖမ်းဆီးသွားသည့် ကျန်းမာရေးဝန်ထမ်း မိသားစုနှင့် အဆက်အသွယ်မရ
DVB
·
August 14, 2020
အမ်းမြို့နယ်၌ တပ်မတော်ကဖမ်းဆီးသွားသည့် ကျန်းမာရေးဝန်ထမ်း မိသားစုနှင့် အဆက်အသွယ်မရ
Donate to DVB

ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်က အမ်းပြည်သူ့ဆေးရုံကို သင်တန်းတက်ဖို့သွားတဲ့ ကျန်းမာရေး ဝန်ထမ်း ၃ ဦးကို တစ်မိုင်ကုန်းစစ်ဆေးရေးဂိတ်က ဖမ်းဆီးသွားပြီး ၂ ဦးမှာပြန်လွတ်လာပေမဲ့ ကျန်တဦးဖြစ်တဲ့ ကိုကျော်မင်းထွန်း ပြန်လွတ်မလာသေးလို့ မိသားစုဝင်တွေက စိုးရိမ်နေတယ်လို့ ပြောပါတယ်။

တပ်က ဖမ်းဆီးထားတဲ့ ကိုကျော်မင်းထွန်းကို ဒီကနေ့အချိန်ထိ အဆက်အသွယ်မရရှိလို့ အရမ်းစိုးရိမ်နေတယ်လို့ အစ်မဖြစ်သူဒေါ်ခင်ချေက  ပြောပါတယ်။

“ဖမ်းဆီးသွားကတည်းက ကျမတို့နဲ့ လုံးဝ အဆက်အသွယ်မရတော့ပါ။ အဆက်အသွယ်မရလို့ အရမ်းကို စိုးရိမ်ပူပန်နေရပါတယ်။ ဖမ်းဆီးသွားတာ ဒီကနေ့ဆိုရင် ၅ ရက်ကြာသွားပါပြီ။ ကျမတို့မိသားစု အရမ်းခံစားနေရပါတယ်။ ကျမ မောင်က အစိုးရဝန်ထမ်းတစ်ယောက်ပါ။ သူ့မှာဘာမှ အပြစ်မရှိပါဘူး။ သူ့ကို အရမ်းတွေ့ချင်နေပါတယ်”လို့ ပြောပါတယ်။

ကိုကျော်မင်းထွန်းဟာ ရသေ့တောင်မြို့နယ် ရိုးဆိပ်ကျေးရွာသားတစ်ဦးဖြစ်ပြီး အမ်းမြို့နယ် သပြုချိုင်ကျေးရွာအုပ်စုစည်တောင်ကြီးကျေးရွာ ကျန်းမာရေးဌာနမှာ တာဝန်ကျနေတာဖြစ်ပါတယ်။

သြဂုတ် ၉ ရက်က ကိုငြိမ်းလင်းဇော်၊ ကိုကျော်မင်းနိုင်တို့နဲ့အတူ အမ်းပြည်သူ့ ဆေးရုံကို သင်တန်းတက်ဖို့သွားစဉ် လမ်းမှာ တစ်မိုင်ကုန်းစစ်ဆေးရေးဂိတ်က တပ်မတော်က ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

လွတ်မြောက်လာသူနှစ်ဦးကတော့ သပြုချိုင်ကျေးအုပ်စုရှိ စည်တောင်ကြီးကျေးရွာ ကျန်းမာရေးဌာနမှာ တာဝန်ထမ်းဆောင်နေသူတွေဖြစ်ကြတဲ့ ကိုငြိမ်းလင်းဇော် ၂၄ နှစ်နဲ့ သပြုချိုင်ကျေးရွာ ကျန်းမာရေးဌာနမှာ တာဝန်ထမ်းဆောင်နေသူ ကိုမင်းကျော်နိုင်(၂၈နှစ်)တို့ ဖြစ်ကြပါတယ်။

သြဂုတ် ၉ ရက်ညနေ ၄ နာရီလောက်က  မအီမှ အမ်းလက်ကိုမောင်းနှင်လာတဲ့ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် တစ်စီးကို စစ်ဆေးခဲ့စဉ်  ကျော်မင်းထွန်းမှာ  အေအေနဲ့ ဆက်သွယ်မှု မှတ်တမ်းတွေ အထောက်အထားအချက်အလက်တွေပါရှိတဲ့ SAMSUNG အမျိုးအစားဖုန်းအတူ စစ်ဆေးတွေ့ရှိခဲ့တယ်လို့တပ်မတော် သြဂုတ် ၁၃ ရက်နေ့ သတင်း ထုတ်ပြန်ပါတယ်။

ဒါ့အပြင် သူ့ကိုအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အမ်းမြို့နယ်ရဲစခန်းမှာ အမှုဖွင့်အရေးယူ ထားတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013