DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း(၃)တွင် ထည့်သွင်းမည့် အဓိကအချက်များ သဘောတူ
DVB
·
August 13, 2020
ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း(၃)တွင် ထည့်သွင်းမည့် အဓိကအချက်များ သဘောတူ
Donate to DVB

ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း(၃)မှာ ထည့်သွင်းချုပ်ဆိုမယ့်  အဓိက အပိုင်း ၃ ပိုင်းကို အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေအကြား JICM အကြိုညှိနှိုင်းအစည်းအဝေးမှာ  ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာညှိနှိုင်းအစည်းအဝေး (JICM) အကြို ညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၁၀ ရက်ကနေ ၁၂ ရက်အထိ နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)မှာ ပြုလုပ်ခဲ့တာပါ။

အစည်းအဝေး ၃ ရက်တာအတွင်း အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအကြား အကျေအလည်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ရပြီး နောက်ဆုံးရက်မှာ တော့ သဘောတူညီချက်အချို့ရရှိခဲ့တာဖြစ်ပါတယ်။

သဘောတူညီမှုရခဲ့တဲ့  အဓိက အချက် ၃ ချက်ကတော့  အန်စီအေ အကောင်အထည်ဖော်ရေးမူဘောင် ၁၅ ချက်ရရှိထားတာ၊ ၂၀၂၀ အလွန်မှာ ဆက်လက်ဆွေးနွေးသွားမယ့် ခေါင်းစဉ်တွေနဲ့ အဆင့်များ ခေါင်းစဉ်ကြီး ၈ ခုရရှိတာနဲ့  ပြည်ထောင်စုအခြေခံမူတွေ၊  ဖက်ဒရယ် အခြေခံမူတွေ သဘောတူညီမှု ရရှိတာဖြစ်ပါတယ်။

ပြည်ထောင်စုသဘောတူစာချုပ်အပိုင်း ၃ မှာ ထည့်သွင်းချုပ်ဆိုမယ့် အချက်တွေကို သဘောတူညီမှုရခဲ့တယ်ဆိုပေမယ့် နှစ်ဖက်အဖွဲ့အစည်းတွေအကြား ညှိနှိုင်းမှု အဆင်မပြေတာကြောင့် ချန်ခဲ့ရတဲ့ အချက်တွေလည်း ရှိတယ်လို့ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

ဩဂုတ် ၁၃ ရက်မှာ ပြုလုပ်မယ့် JICM အစည်းအဝေးအစီအစဉ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ အစည်းအဝေးဆိုင်ရာကိစ္စရပ်တွေကိုလည်း ဆွေးနွေးညှိနှိုင်းနိုင်ခဲ့တယ်လို့  နှစ်ဖက်တာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း-ဖြိုးသက်ပိုင်မြင့်

ဓာတ်ပုံ- NRPC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013