DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့  သီးသန့်တွေ့ဆုံ
DVB
·
August 13, 2020
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့  သီးသန့်တွေ့ဆုံ
Donate to DVB

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)  ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့  ဩဂုတ်လ ၁၂ ရက် မွန်းလွဲပိုင်းက နေပြည်တော်မှာ သီးသန့်တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဗိုလ်ချုပ်ကြီး ယွက်ဆစ်ကို နေပြည်တော်ရှိ နေအိမ်မှာ လက်ခံတွေ့ဆုံခဲ့တာဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးကိစ္စတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်  ဦးဇော်ဌေးက ပြောပါတယ်။

“ရောက်တုန်းရောက်ခိုက်ပေါ့နော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တွေ့ဖို့ အဆိုပြုတယ်။ အဲ့ဒါကို ဒီနေ့ချိန်းပြီးတွေ့တာဖြစ်တယ်။ အဓိကအားဖြင့်ဆွေးနွေးတာကတော့ ဒေသဖွံ့ဖြိုးရေးပေါ့နော်၊ နောက်ငြိမ်းချမ်းရေး ဒီကိစ္စတွေပါပဲ အဓိကကတော့။ အဲ့ဒါကတော့လူကြီးတွေ ပုံမှန်အစည်းအဝေး ခန်းထဲတွေ့တာထက်စာရင် အလွတ်ပေါ့နော်၊ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးတွေ့တယ်။ နှစ်ယောက်ပိုပြီးတော့လည်း နားလည်မှုတည်ဆောက်နိုင်မယ်။ ယုံကြည်မှုလည်း ပိုခိုင်မာလာမယ်ပေါ့။ အထူးသဖြင့်က အဲ့ဒီကိစ္စတွေပဲ ပြောကြတာပါ။” 

ဗိုလ်ချုပ်ကြီး ယွက်ဆစ်အနေနဲ့  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ မကျင်းပခင်  ဩဂုတ် ၁၃ ရက်နေ့မှာ ပြုလုပ်မယ့် JICM အစည်းအဝေးနဲ့ ဩဂုတ် ၁၄ ရက်တို့မှာ ပြုလုပ်မယ့် UPDJC အစည်းအဝေးတွေကိုလည်း တက်ရောက်သွားဖို့ရှိနေပါတယ်။

သတင်း-ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)

ဓာတ်ပုံ- RCSS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013