DVB Logo
Home
မြန်မာသတင်း
အိန္ဒိယပြန် ကိုဗစ်-၁၉ လူနာသစ် ၁ ဦးထပ်တွေ့၊ နိုင်ငံတဝန်း အတည်ပြုလူနာ ၃၆၁ ဦးရှိလာ  
DVB
·
August 13, 2020
အိန္ဒိယပြန် ကိုဗစ်-၁၉ လူနာသစ် ၁ ဦးထပ်တွေ့၊ နိုင်ငံတဝန်း အတည်ပြုလူနာ ၃၆၁ ဦးရှိလာ  
Donate to DVB

အိန္ဒိယနိုင်ငံက ပြန်လာသူ ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိရပြီး မြန်မာနိုင်ငံ တဝန်းမှာ အတည်ပြုလူနာ စုစုပေါင်း ၃၆၁ ဦး ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ မနေ့ည ထုတ်ပြန်ချက်အရသိရပါတယ်။ 

အဆိုပါလူနာသစ်ဟာ ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်နေ အသက် ၃၅ နှစ်အရွယ် အမျိုးသား တစ်ဦးဖြစ်ပြီး အိန္ဒိယနိုင်ငံပြန်လာပြီးနောက်  ဒဂုံမြို့နယ်မှာ အသွားအလာကန့်သတ် စောင့်ကြပ်ခံထားရသူ ဖြစ်ပါတယ်။ 

ဩဂုတ် ၁၂  ရက်နေ့အတွက်  အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမ + ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ ၁,၂၆၀ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၂၀၅ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ ၁၃၁ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ ၂၅၄ ခုနဲ့ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ ၁၇၁ ခု၊ စုစုပေါင်း ၂,၀၂၁ ခု အားစစ်ဆေးခဲ့ရာမှာ လူနာသစ် ၁ ဦး ထပ်တွေ့ရတာပါ။

ဩဂုတ် ၁၃ ရက်မနက် ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  ရောဂါဓာတ်ခွဲ အတည်ပြုလူနာပေါင်း  ၃၆၁ ဦး၊ သေဆုံးသူ ၆ ဦး၊ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ ၅ ဦး (Case-261, 341, 344, 351 နှင့် 352) ထပ်ရှိလာလို့ ရောဂါပိုးကင်းစင်လာသူပေါင်း ၃၁၈ ဦးရှိပါတယ်။

ရောဂါပျောက်ကင်းလို့ ဆေးရုံက ဆင်းခွင့်ပြုခဲ့သူ  ၃၁၀ ဦးရှိပြီး စောင့်ကြည့်လူနာအသစ် ၁၆ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013