DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ် ဝေါ်လေမြို့နယ်၌ ကျပ်သိန်းပေါင်း ၂ သိန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
August 11, 2020
ကရင်ပြည်နယ် ဝေါ်လေမြို့နယ်၌ ကျပ်သိန်းပေါင်း ၂ သိန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
1 / 5
Donate to DVB

မြန်မာ-ထိုင်းနယ်စပ်၊ ကရင်ပြည်နယ်၊ ဝေါ်လေမြို့နယ်၊ ဘလက်ဒို့ကျေးရွာမှာ သြဂုတ် ၁၀ ရက်နေ့ မနက်ပိုင်းမှာ အိုက်စ် မူးယစ်ဆေး ၃၉၁ ကီလို  ကာလတန်ဖိုး ကျပ် သိန်းပေါင်း ၂၃၄,၆၀၀ ဖိုးလောက်ကို  ဖမ်းဆီးရမိခဲ့ပါတယ်။

မြဝတီမြို့မှ ဝေါ်လေမြို့အသွားလမ်းအတိုင်း မောင်းနှင်လာတဲ့ ကားတစ်စီးမှာ မူးယစ်ဆေး သယ်ဆောင်တဲ့ သတင်းအရ ဗိုလ်ကြီး ကျော်စိုးထက်ဦးဆောင်တဲ့အဖွဲ့က စစ်ဆေးရာမှာ ကားနောက်ခန်းမှာ ပါလာတဲ့ အိတ်အမဲရောင်ဖုံးထားတဲ့ ICE ၃၉၁ ထုတ်တွေ့ရှိခဲ့တာပါ။

မူးယစ်ဆေး ဟုတ်မဟုတ် အတည်ပြုနိုင်ရေး မြဝတီမြို့ မူးယစ်တပ်ဖွဲ့ကိုအကြောင်းပြီး စစ်ဆေးရာICE အတည်ပြုနိုင်ခဲ့ပြီး ဖမ်းဆီးရမိ မူးယစ်ဆေးတွေကို သက်ဆိုင်ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ အပ်နှံခဲ့ပါတယ်။

ယာဉ်အမှတ် 7 L 5448 အနက်ရောင် ယာဉ်မောင်း (ဦးရမ်အမ်း)ခ(ဝူရန်းအန်)အသက် ၃၄ နှစ်ကိုတော့ (ပ)၁၀၉/၂၀၂၀  မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ သြဂုတ် ၁၁ ရက်နေ့  မနက်ပိုင်းက မြဝတီမြို့ မြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူထားပြီး ပင်ရင်းဖြစ်တဲ့ ဦးညီညီဦး(ခ)ပေါက်ယူ ကိုတော့ ဖမ်းဆီးနိုင်ဖို့  ရှာဖွေ စစ်ဆေးနေတယ်လို့ သိရပါတယ်။

သတင်း - ဖိုးစီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013