DVB Logo
Home
မြန်မာသတင်း
အထက်တန်းကျောင်းပေါင်း ၃၀၀၀ ကျော်ဖွင့်လှစ်ရန်  ကျန်နေသေး
DVB
·
August 11, 2020
အထက်တန်းကျောင်းပေါင်း ၃၀၀၀ ကျော်ဖွင့်လှစ်ရန်  ကျန်နေသေး
Donate to DVB

မြန်မာနိုင်ငံ တဝန်းမှာ အထက်တန်းကျောင်းတွေ ပြန်ဖွင့်ချိန်ကနေ ဒီနေ့အထိ ကျောင်းပေါင်း ၃၀၀၀ ကျော်ဖွင့်ဖို့ ကျန်နေသေးတယ်လို့ ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်ကစပြီး  ကိုဗစ်-၁၉ ကာကွယ်ရေးအချက်အလက်ပြည့်စုံတဲ့ အထက်တန်းကျောင်း ၃၉၉၉ ကျောင်း ပြန်ဖွင့်ခဲ့တာဖြစ်ပြီး အခုအချိန်အထိ ကျောင်းပေါင်း ၁၅၀ ကျော်ပဲ ထပ်တိုးဖွင့်ခွင့်ရ သေးတာပါ။

အထွေထွေအုပ်ချုပ်ရေးမှူးတွေ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေသအာဏာပိုင်တွေ၊ အခြေခံပညာဦးစီးဌာနဲ့ မိဘဆရာအသင်းတွေပါတဲ့ ပူးပေါင်းအဖွဲ့တွေက သြဂုတ် ၁၀ ရက်အထိ အထက်တန်းကျောင်းပေါင်း ၇၁၇၃ ကျောင်းထဲက ၇၁၁၁ ကျောင်းကို စစ်ဆေးအကဲဖြတ်ခဲ့ပြီး အဆင်သင့်ဖြစ်တဲ့ အေအဆင့်ကျောင်း ၄၄၇၆ ကျောင်း၊ ဖြည့်ဆည်းဖို့လိုတဲ့ ဘီအဆင့်ကျောင်း ၁၅၆၅ ကျောင်း၊ ဖြည့်ဆည်းဖို့ အထူးလိုအပ်တဲ့ စီအဆင့်ကျောင်း ၁၀၇၀ ကျောင်းရှိတယ်လို့ ဆိုပါတယ်။

ကျောင်းတွေဖွင့်ပြီးနောက်မှာ ပြန်ပြီး အကဲဖြတ်စစ်ဆေးခဲ့ရာမှာတော့ အေအဆင့်ရတဲ့ ကျောင်းပေါင်း ၄၁၅၆ ကျောင်းဖွင့်ခွင့်ပြုထားပြီဖြစ်လို့ ၃၀၁၇ ကျောင်းဖွင့်ခွင့်ရဖို့ ကျန်နေသေးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013