DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အားလုံး လက်ခံနိုင်သည့်အခင်းအကျင်းပေါ်လာရေး ဆွေးနွေးကြရန် တိုက်တွန်း
DVB
·
August 10, 2020
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အားလုံး လက်ခံနိုင်သည့်အခင်းအကျင်းပေါ်လာရေး ဆွေးနွေးကြရန် တိုက်တွန်း
Donate to DVB

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့ အားလုံးလက်ခံနိုင်တဲ့ အခင်းအကျင်းမျိုး ပေါ်ထွက်လာစေအောင် ဆွေးနွေးညှိနှိုင်းကြဖို့ NRPC ဒုဥက္ကဋ္ဌက တိုက်တွန်းလိုက်ပါတယ်။



၂၀၂၀ အလွန် အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်တွေကို အဆင့်လိုက်အကောင်အထည်ဖော်မှုအတွက် ဆွေးနွေးမယ့် ခေါင်းစဉ်ကြီး ၈ ခုကို ပြီးခဲ့တဲ့ အစည်းအဝေးတွေမှာ သဘောတူထားပြီး ဩဂုတ်လ ၁၀ ရက်က နေပြည်တော် NRPC မှာ ပြုလုပ်တဲ့ JICM အကြိုညှိနှိုင်းအစည်းအဝေးအတွင်း အသေးစိတ်ခေါင်းစဉ်တွေကို အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေအကြား ဆက်လက်ညှိနှိုင်းကြမှာပါ။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့အတွက် အပြန်အလှန်နားလည်မှုနဲ့ အားလုံး လက်ခံနိုင်တဲ့ အခင်းအကျင်းတွေ ပေါ်ထွက်လာအောင် ဆွေးနွေးကြဖို့ NRPC ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက တိုက်တွန်းခဲ့ပါတယ်။

JICM အစည်းအဝေးတွေကို အခုနှစ် ဇန်နဝါရီလအတွင်းက ၈ ကြိမ်မြောက်အဖြစ် ကျင်းပခဲ့ပြီး အခုလ ၁၃ ရက်နေ့မှာတော့ ၉ ကြိမ်မြောက်အစည်းအဝေးကို ပြုလုပ်မှာပါ။

၈ ကြိမ်မြောက် JICM အစည်းအဝေးအတွင်းမှာ အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေအကြား ဆုံးဖြတ်ချက်တချို့ ချမှတ်နိုင်ခဲ့ပြီး အဲဒီဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေက ဆက်လက်ဆွေးနွေးနေကြတာပါ။

အခုပြုလုပ်တဲ့ JICM အကြိုညှိနှိုင်းအစည်းအဝေးကိုတော့ ဩဂုတ် ၁၀ ရက်နဲ့ ၁၁ ရက်တို့ ပြုလုပ်မှာဖြစ်ပြီး ဒီအစည်းအဝေး ကရရှိလာတဲ့ ရလဒ်တွေကို ဩဂုတ် ၁၃ မှာ ပြုလုပ်မယ့် JICM အစည်းအဝေးမှာ အတည်ပြုချက်ရယူမှာလည်း ဖြစ်ပါတယ်။

ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013