DVB Logo
Home
မြန်မာသတင်း
ဓာတ်ခွဲနမူနာ ၁,၂၉၁ ခုတွင် ကိုဗစ်-၁၉ လူနာသစ်မတွေ့၊ ပိုးကင်းစင်လာသူ ၃၁၁ ဦးရှိပြီ
DVB
·
August 9, 2020
ဓာတ်ခွဲနမူနာ ၁,၂၉၁ ခုတွင် ကိုဗစ်-၁၉ လူနာသစ်မတွေ့၊ ပိုးကင်းစင်လာသူ ၃၁၁ ဦးရှိပြီ
Donate to DVB

သြဂုတ် ၈ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၁,၂၉၁ ခုအား နှစ်သုတ်ခွဲစစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာသစ်မတွေ့ရဘဲ ရောဂါပိုးကင်းစင်လာသူ ၃၁၁ ဦး ရှိပြီလို့ ကျန်းမာရေး ဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၆၀၃ ခု၊ ဆေးသုတေသနဦးစီးဌာနက  ၇၇ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ၁၈၈ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ဓာတ်ခွဲနမူနာ ၃၂၀၊ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) က ၁၀၃ ခု၊ စုစုပေါင်း ၁,၂၉၁ ခုအား စစ်ဆေးခဲ့ပါသည်။

မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၅၉ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၃၁၁ ဦးထဲက ဆေးရုံဆင်းခွင့်ပြုခဲ့ပြီးသူ ၃၀၂ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၁၆ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၉ သန်းကျော်၊ သေဆုံးသူ  ၇၃၀၀၀၀ ခန့်နဲ့ ရောဂါပိုးကင်းစင်လာသူ ၁၂ သန်းကျော်ရှိပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013